၂၀၂၄ခုနှစ်၏ ပထမနှစ်ဝက်တွင် ထိုင်းနိုင်ငံသည် တင်ပို့မှု ၂၅% မြှင့်တက်

Powered by Drupal

       အဓိကဈေးကွက်များထံမှ ဝယ်လိုအားနှင့်ဘတ်ငွေတန်ဖိုးအားပျော့မှုတို့ ကျေးဇူးကြောင့် ထိုင်းနိုင်ငံသည် ယခုနှစ်တွင် မူလခန့်မှန်းထားသည့် ဘတ်သန်း ၇၅သန်းကို ကျော်လွန်၍ ဆန်တန်ချိန် ၈.၂သန်းကိုပြည်ပသို့ တင်ပို့နိုင်မည်ဟုမျှော်လင့်ရကြောင်း ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာနအဆိုအရ သိရပါသည်။ ထိုင်းနိုင်ငံပြည်ပကုန်သွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Ronnarong Phoolpipetn ယခုနှစ်၏ ပထမနှစ်ဝက်တွင် ဆန်တန်ချိန် ၅.၀၈ သန်း တင်ပို့ခဲ့ရာမှ ဘတ် ၁၁၇.၈ ဘီလီယံရရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်တူညီသည့်ကာလထက် ၂၅.၁% နှင့် ၅၅.၅% အသီးသီးမြှင့်တက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ဆန်တင်သွင်းသူများသည် စားသုံးရန်နှင့်  စားနပ်ရိက္ခဖူလုံစေရေးအတွက် သိုလှောင်ထားရန်အတွက် တင်သွင်းရန်အလိုရှိကြကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ အိန္ဒိယ၏ ဆန်တင်ပို့မှုကန့်သတ်ခြင်းနှင့်တစ်ဒေါ်လာကို ၃၆-၃၇ဘတ်အထိ တန်ဖိုးကျဆင်းမှုကလည်း ထိုင်းဆန်ဈေးနှုန်း၏ ယှဉ်ပြိုင်နို်ငစွမ်းကို ဆက်လက်ထိန်းသိမ်းရန် ကူညီစေခဲ့ကြောင်း သိရပါသည်။ ဌာနအနေနှင့်လည်းထိုင်းနိုင်ငံ ဆန်တင်ပို့သူများအသင်းနှင့်ဒုတိယနှစ်ဝက်အတွက် ဆန်တင်ပို့မှုအခြေအနေနှင့်ပတ်သက်၍ ဆွေးနွေးရန် ဇူလိုင်လ ၂၅ရက်နေ့က အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့အပါအဝင် ထိုင်းနို်ငငံ၏ အဓိကတင်ပို့သည့်ဈေးကွက်များမှာ ငွေကြေး ဖောင်းပွမှုနှင့်မိုးခေါင်ခြင်းတို့ကြောင့် ဆန်ဝယ်လိုအား ဆက်လက်မြှင့်တက်ရန်ရှိကြောင်း သိရပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် ဩဂုတ်လအစောပိုင်းကာလမှစတင်သက်ရောက်ပြီး ၂၀၂၈ခုနှစ်ထိ ကြာမြင့်မည့်ဆန်တင်သွင်းသည့် အကောက်ခွန်ကို ၃၅% မှ ၁၅% ထိ လျှော့ချမည်ဟု တရားဝင် ကြေညာထားကြောင်း သိရပါသည်။ Mr.Ronnarong က ယခုနှစ်တွင် ဖိလစ်ပိုင်နှင့်အင်ဒိုနီးရှားတို့သည် ၎င်းတို့၏ ဆန်တင်သွင်းမှုကို ၄ တန်ချိန်၊ ၄.၇သန်းနှင့် တန်ချိန် ၃.၆-၄.၃သန်း အသီးသီး မြှင့်တက်မည်ဟု မျှော်လင့်ရကြောင်းနှင့်ထိုင်းအပါအဝင်ဆန်တင်ပို့သည့် နိုင်ငံများအတွက် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သို့သော် ယခုနှစ် ဒုတိယနှစ်ဝက်အတွက် ထိုင်းနိုင်ငံတစ်ဆင့်ပို့ရာတွင် များစွာသောစွန့်စားရနိုင်သည့် အချက်များရှိနေကြောင်း သိရပါသည်။ အထူးသဖြင့် အိန္ဒိယနို်ငငံက ဆန်တင်ပို့ရာတွင် ကန့်သတ်ထားမှုအား ပြန်လည်ဆန်းစစ်နိုင်ချေ ရှိခြင်း၊ ဗီယက်နမ်၊ ပါကစ္စတန်၊ မြန်မာနှင့်ကမ္ဘောဒီးယားတို့တွင် ဆန်ထုတ်လုပ်မှုမြှင်တက်လာသည့်အတွက် ကမ္ဘာလုံးဆိုင်ရာထောက်ပံ့နိုင်စွမ်းမြှင့်တက်လာပြီး ဈေးနှုန်းယှဉ်ပြိုင်ရမှုမြင့်တက်လာနိုင်ခြင်းနှင့် ပထဝီနိုင်ငံရေးတင်းမာမှုများဖြစ်ပေါ်နေခြင်းနှင့် သင်္ဘောတင်ပို့နှုန်းများ မြင့်တက်လာခြင်းအစရှိသည့် အချက်များပါဝင်ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံ ဆန်တင်ပို့မှုအခြေအနေသည် ကောင်းမွန်နေလျက်ရှိနေသေးပြီး တင်ပို့သူများသည် ပမာဏများပြားသည့်ဆန်များကို အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် မလေးရှားတို့ ပါဝင်သော အာဆီယံနိုင်ငံများနှင့် အာဖရိကနှင့် အရှေ့အလယ်ပိုင်းစသည့်ဒေသများသို့ ဖြန့်ဖြူးလျက်ရှိကြောင်း သိရပါသည်။ Mr.Ronnarang က ဌာနအနေဖြင့် ဆန်တင်ပို့မှု အရှိန်မြင့်တင်ရန်အတွက် သက်ဆိုင်ရာအစိုးရ ထိုင်းနိုင်ငံဆန်တင်ပို့သူများအသင်းပါဝင်သော ပုဂ္ဂလိကကဏ္ဍများနှင့် နီးကပ်စွာအလုပ်လုပ်သွားရန် အဆင်သင့်ဖြစ်နေကြောင်း ပြောကြားခဲ့ပါသည်။ ဌာနအနေဖြင့်လည်း တောင်အာဖရိက၊ ဟောင်ကောင်၊ ဂျပန်၊ စင်္ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်အစရှိသည့် အဓိက ဈေးကွက်များတွင် ဆန်ဈေးကွက်ထပ်မံတိုးချဲ့၍ ရင်းနှီးကျွမ်းဝင်မှုအားကောင်းရန်အတွက် အစီအစဉ်များရှိနေပြီး ကမ္ဘာလုံးဆိုင်ရာဈေးကွက်သို့ ထိုင်းဆန်ကြေညာမြင့်တင်ရန်များစွာသော ကုန်စည်ပြပွဲများတွင် ပါဝင်သွားမည်ဖြစ်ကြောင်း သိရပါသည်။

Srouce : Bankok Post

DOCA(ရန်ကုန်)