ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုး ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဈေးစည်ပင်သာယာနှင့်ပူးပေါင်း၍ ၁၄.၈.၂၀၂၄ ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံဈေးသို့ ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးဖြစ်သော Meizan, Lotus, Sunar, Goody, အမေထွား, ရန်ကုန်,ဒီဒီနှင့် ရာသက်ပန်ဆီများတွင် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များ ပြည့်စုံစွာပါရှိပြီး ပိဿာ၊ ကျပ်သားများကိုလည်း မြန်မာလိုဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီအဖြစ် ရောစပ်ရာတွင်လည်း အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၄)ကို လိုက်နာဆောင်ရွက်ထားသော ရောနှောဆီများကိုသာ ဝယ်ယူရောင်းချရန်နှင့် အမှတ်တံဆိပ်မပြည့်စုံသော စားသုံးဆီအမျိုးမျိုးကိုလည်း ဈေးကွက်အတွင်း မရောင်းချရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)