ဝယ်လိုအားမြင့်တက်လာခြင်းကြောင့် စကော့တလန် ဆော်လမွန်ငါးတင်ပို့ အရှိန်အဟုန်မြင့်တက်လာ

Powered by Drupal

       စကော့တလန် ဆော်လမွန်ငါးတင်ပို့မှုသည် ၂၀၂၄ခုနှစ် ပထမနှစ်ဝက်တွင် ပေါင်၄၃၁ သန်း မှ ၄၁ရာခိုင်နှုန်းတက်သွားခဲ့ပြီး ပို့ကုန်ပမာဏ ၁၂ ရာခိုင်နှုန်းတက်လာခဲ့ကြောင်း ကိန်းဂဏန်းထုတ်ပြန်ချက်အရ သိရသည်။

     တန်ဖိုးမြင့်တက်မှုသည် အာရှနှင့် အမေရိကန်ဈေးကွက်များတွင် သိသိသာသာ ကြီးထွားလာ ခြင်းကြောင့်ဖြစ်သည်ဟု HMRC ကိန်းဂဏန်းများကို ခွဲခြမ်းစိတ်ဖြာသည့်ကဏ္ဏ ကုန်သွယ်ရေးအဖွဲ့ Salmon Scotland ကပြောကြားခဲ့သည်။ ပြင်သစ်နိုင်ငံသည် လက်ရှိအချိန်အထိ စကော့တလန်နိုင်ငံ၏ ဆော်လမွန်ငါးများအတွက် ထိပ်တန်းတင်ပို့သည့်နိုင်ငံအဖြစ် ဆက်လက်တည်ရှိပြီး ရောင်းအားနှစ်ဆ(၉၁ရာခိုင်နှုန်း)နီးပါးမြင့်တက်လာခဲ့သည်။

      Solmon Scotland မှလက်ရှိ တိုးတက်မှုနှုန်းအတိုင် ဆက်လက်တည်ရှိနေပါက ၂၀၂၄ သည် နိုင်ငံတကာရောင်းအားအတွက် စံချိန်တင်နိုင်မည်ဟု ဆိုသည်။

      ဥရောပသမဂ္ဂအတွင်း ပိုလန်၊အိုင်ယာလန်နှင့်နယ်သာလန်တို့သည် စကော့တလန် ဆော်လမွန်အတွက် အရေးပါသောဈေးကွက်များဖြစ်ကြပြီး  အဆိုပါဈေးကွက်များ၌ ယခုပထမနှစ်ဝက်အတွက် ကျဆင်းသွားခဲ့သည်၊ ယေဘူယျအားဖြင့် အီးယူ သို့ဆော်လမွန်ငါးတင်ပို့မှု တန်ဖိုး သည် ပေါင် ၂၇၂သန်းမှ ၅၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အီးယူမဟုတ်သောရောင်းအားသည် ၂၁ ရာခိုင် နှုန်းမှ ပေါင်၁၅၉ သန်းအထိ မြင့်တက်ခဲ့သည်။

     ယခုနှစ်ဇွန်လအထိ စကော့တလန် ဆော်လမွန် တင်ပို့ရောင်းချမှု တစ်ခုလုံးသည် ပေါင် ၇၀၆သန်းသို့ရောက်ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၇ ရာခိုင်နှုန်းတိုးကာ ၂၀၁၉ခုနှစ်တွင် သတ်မှတ်ထားသည့် စံချိန်တင်ငွေ ပေါင် ၆၁၇သန်းကို ကျော်လွန်သွားနိုင်သည်ဟု အကြံပြုထားသည်။

     သီးခြားအားဖြင့် ယူကေ ပြည်တွင်းဆော်လမွန်(တင်သွင်းသောဆော်လမွန်ရောင်းချမှုအပါအဝင်)သည် တစ်နှစ်လျှင် ပေါင် ၁.၂ ဘီလီယံခန့် တန်ဖိုးရှိပြီး စကော့တလန်ကဏ္ဏ၏တန်ဖိုး(GVA) သည် စကော့တလန်နှင့် ယူကေ စီးပွားရေးအတွက်ပေါင် ၇၆၆သန်တန်ဖိုးရှိသည်။

    စကော့တလန်အစိုးရသည် ပြည်တွင်းဈေးကွက်တွင် ၎င်းတို့၏ထိပ်တန်း အဆင့်အတန်းကို ခိုင်မာစေပြီး ပြည်ပဈေးကွက်များတွင်တိုးတက်မှုကို အထောက်အကူပြုရန်အတွက် စက်မှုလုပ်ငန်းများနှင့် လက်တွဲဆောက်ရွက်သွားရန် အပြည့်အဝ သန္ဓိဌာန်ချထားကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင်လည်း သိသာထင်ရှားသောစီးပွားရေးအကျိုးကျေးဇူးများ ရရှိစေမည့် ရေရှည်တည်တံ့သော တိုးတက်မှုများအတွက် ဆက်လက်တွန်းအားပေးမည်ဖြစ်ကြောင်း သိရသည်။

Source: fish farming expert

DOCA(ရန်ကုန်)