၁၉.၈.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ရုံးမှ ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကျိုက်ထိုမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော စားသုံးဆီ၊ ရောနှောဆီ အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျိုက်ထိုမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ပုဇွန်နှစ်ကောင် အမှတ်တံဆိပ် ဟင်းသီးဟင်းရွက်ဆီ၊ အမေထွား၊ Mazin၊ Goody စသည့် စားသုံးဆီအမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ၊ အခန်း (၁၈) တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုဆိုင်ရာအချက်များ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ ပြည့်စုံစွာဖော်ပြထားကြောင်း စစ်ဆေး တွေ့ရှိရသည်။ ထို့နောက် ဆိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ၂/၂၀၁၉ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ညွှန်ကြားချက်များ ဖော်ပြထားသော လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)