၁၉.၈.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်များ၌ စားအုန်းဆီအရောင်းကိုယ်စားလှယ်များမှ ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချခြင်းအား ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကြီးကြပ်ဆောင်ရွက်ရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက် မြှင့်တင်ရောင်းချမှု မရှိစေရေး၊ သင့်တင့်မျှတသည့်ဈေးနှုန်းဖြင့် ရောင်းချစေရေး၊ ဝယ်ယူသူများမှလည်း စနစ်တကျ ဝယ်ယူနိုင်စေရေး ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
စားအုန်းဆီများရောင်းချရာတွင် မော်လမြိုင်မြို့နယ် သီရိမြိုင်ရပ်ကွက်၊ ဓမ္မာရုံနှင့် မုပွန်ရပ်ကွက်တို့တွင် ကိုယ်စားလှယ် ဒေါ်စန်းဌေးက လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ၉၃၅ ပိဿာကိုလည်းကောင်း၊ မောင်ငံဈေး၊ ကွင်းရပ်ရပ်ကွက်နှင့် ကျောက်တန်းရပ်ကွက်တို့တွင် ကိုယ်စားလှယ် ဦးလင်းသူဟန်က လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ၁၁၀၀ ပိဿာကိုလည်းကောင်း၊ ထားဝယ်စုဈေး၊ ကုလားဈေးနှင့် ငန်းတေးတို့တွင် ကိုယ်စားလှယ် ဦးစံလင်းက လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ၁၆၂၀ ပိဿာကိုလည်းကောင်း ဆီတစ်ပိဿာလျှင် ဈေးနှုန်း ၆၆၄၁ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)