Denko Mini Market တွင်ရောင်းချလျက်ရှိသော အသင့်စားမုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    ၁၉.၈.၂၀၂၄ ရက်နေ့ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ရုံးမှ ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျိုက်ထိုမြို့နယ် Denko Mini Market တွင် ရောင်းချလျက်ရှိသော အသင့်စားမုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော မုန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း (၁၈) တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များနှင့် ကိုက်ညီမှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ မြို့နယ်တာဝန်ခံက  ရောင်းချလျက်ရှိသောဆိုင်ရှင်များအား မိမိတို့ဆိုင်ပေါ်တွင် ကုန်အညွှန်းအမှတ် အသားပြည့်စုံခြင်းမရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုရန် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပြီး  စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)