![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/22.5_8.jpg?itok=_ibUcsGB)
မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၆-၈-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သရက်မြို့၊ မြခဲတောင် ဘုရားအနီး၌ ရွှေကမ္ဘာ အမှတ်တံဆိပ်နှင့် ဇော်ဂျီရပ်ကွက်ရှိ လှ အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်နေသော ပဲကြော်လုပ်ငန်းရှင်(၂)ဦးနှင့် တွေ့ဆုံ၍ အသိပညာပေးခဲ့ကြောင်း သိရသည်။
စားသုံးသူကာကွယ်ရေးဥပဒေအမှတ် (၂/၂၀၁၉) အခန်း(၁၈)တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံစွာထုတ်လုပ်ရန်နှင့် လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်နှင့် တားမြစ်ချက်များကို ဆွေးနွေးအသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)