![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/22.12_5.jpg?itok=cnYCJQdz)
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ််းများသည် (၁၅.၈.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၂:၄၅)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက်ရှိ လူငယ်လေ့ကျင့်ရေးအားကစားကွင်းတွင် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဆီရောင်းချပေးခြင်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ အထက်ပိုင်းရပ်ကွက် လူငယ်လေ့ကျင့်ရေး အားကစားကွင်းတွင် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အိမ်ထောင်စု(၂၂၀)အား တစ်ပိဿာလျှင် (၆၆၅၀)ကျပ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် (၅၀)ကျပ်သားနှုန်း ရောင်းချပေးခဲ့မှုနှင့် ကျန်ရှိနေသော အိမ်ထောင်စုများအတွက် အလှည့်ကျရောင်းချပေးသွားမည်ဖြစ်ကြောင်း ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များ၊ ဥပဒေများအား လိုက်နာဆောင်ရွက်ကြရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)