ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီး အမှတ်(၁)ရပ်ကွက်၊ အုပ်ချုပ်ရေး မှူးရုံးတွင် မတ်လ ၁၈ ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်၌ အင်္ဂပူ မြို့နယ်တာ ဝန်ခံက ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်(၁၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

   ဟောပြောပွဲတွင် အင်္ဂပူမြို့နယ်တာဝန်ခံဦးဘိုဘိုမှ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ၏ ညွှန်ကြားချက်(၂/၂၀၁၉)အကြောင်းသိကောင်စရာများနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည်အချက်များ၊ အခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များနှင့် အခန်း(၂၄)ပါပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း တို့ကိုဆွေးနွေးဟောပြောခဲ့ပြီး၊ တက်ရောက်လာသူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူ ကာကွယ်ရေးဥပဒေစာအုပ်နှင့် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)