ကော့သောင်းခရိုင်ဦးစီးမှူးသည် စားသုံးဆီ သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချနေသည့် လက်လီ အရောင်းဆိုင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူး ဒေါ်မြသီတာ (ဦးစီးအရာရှိ)သည် ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့၊ညနေ (၁၇:၀၀) အချိန်တွင် ကော့သောင်းမြို့နယ် ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း အစည်းအ‌ဝေးခန်းမ၌ ကော့သောင်းမြို့နယ် စားသုံးဆီ လက်လီအရောင်းဆိုင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါ တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ကော့သောင်းခရိုင်ဦးစီးမှူးမှ ကော့သောင်းမြို့နယ်ရှိ လက်လီစားသုံးဆီအရောင်းဆိုင်များမှ စားသုံးသူပြည်သူများ စားအုန်းဆီများကို စျေးနှုန်းသက်သာစွာဝယ်ယူရရှိနိုင်ရေးအတွက် စျေးနှုန်းများ သတ်မှတ်ရည်ညွှန်းစျေးထက် ပိုမိုမရောင်းချစေရေး၊ စျေးနှုန်းမြှင့် တင်ရောင်းချခြင်းများ မပြုလုပ်စေရေး၊ အလေးချိန်ပြည့်မီစွာရောင်းချစေရေး၊ ရရှိသည့်ဆီခွဲတမ်းများကို တိတိ ကျကျ မှန်မှန်ကန်ကန်ရောင်းချစေရေး၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ မသမာသောနည်းလမ်းများဖြင့် စျေး ကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းအား ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးရာတွင် တွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

DOCA(တနင်္သာရီ)