ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်စက်မှုဆိပ်ကမ်းမှ ပြည်ပသို့ ငါးနှင့်ရေထွက်ပစ္စည်းများ တိုက်ရိုက်တင်ပို့နိုင်ရေး ဆွေးနွေးပွဲ ပြုလုပ်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်စက်မှုဆိပ်ကမ်းမှ ပြည်ပသို့ ငါးနှင့်ရေထွက်ပစ္စည်းများ တိုက်ရိုက်တင်ပို့နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ (၁၅) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီတွင် စားသုံးသူရေးရာဦးစီးဌာန ၊ တိုင်းဦးစီးမှူးရုံးတွင် Virtual စနစ်ဖြင့် ပြုလုပ်ခဲ့ရာ တိုင်းဦးစီးမှူး ၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ၊ ဧရာဝတီကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဦးဝင်းမြင့်လှိုင် ၊ အတွင်းရေးမှူး ဦးမောင်မောင်ဦး ၊ ဧရာဝတီငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးအုန်းမောင် ငါးတင်ပို့ရောင်းချမည့် ဒီပါဝတီကုမ္ပဏီ ဒါရိုက်တာတို့ တက်ရောက် ခဲ့ပါသည်။

   ဧရာဝတီတိုင်းဒေသကြီးမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ပစ္စည်းများနှင့် ကုန်သည်များ တင်ပို့ရောင်းချရာတွင် ရန်ကုန်မှတစ်ဆင့် တင်ပို့ရောင်းချပြီး စက်မှုဆိပ်ကမ်းမှ တိုက်ရိုက်တင်ပို့နိုင်ပါက အချိန်ကုန် ၊ ငွေကုန်သက်သာပြီး လုပ်ငန်းရှင်အတွက် အကျိုးအမြတ်ပိုမိုရရှိကာ ဒေသခံများ လည်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမှာဖြစ်ကြောင်း စက်မှုဆိပ်ကမ်းမှ ယခင်ကပြည်ပသို့ ဆန်နှင့်ပြောင်း တင်ပို့မှုရှိပြီး ယခုအခါ ရေထွက်ပစ္စည်းများ တင်ပို့မှုအား အစိုးရအဖွဲ့သို့ အကြောင်းကြားပြီး သက်ဆိုင်ရာဌာနများနှင့် အဖွဲ့ဖွဲ့စည်းထားရှိကြောင်း တိုင်းဒေသကြီးဦးစီးမှူးမှ ဆွေးနွေး ပြောကြားခဲ့ပါသည်။

    ကုန်သွယ်ရေးဦးစီးဌာနမှလည်း ပြည်ပသို့တင်ပို့ရာတွင် လိုအပ်သည့် စာရွက်စာတမ်းများ ၊ အထောက်အထားများ ၊ အခက်အခဲများနှင့် ညှိနှိုင်းပေါင်းစပ်ရသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး ဧရာဝတီစက်မှုအသင်းမှလည်း ဘင်္ဂလားဒေ့ရှ်စစ်သံမှူးများနှင့် ချိတ်ဆက်၍ ငါးတင်ပို့မှုကုမ္ပဏီများ ကမ်းလှမ်းထားရှိမှုများ ဆွေးနွေးခဲ့ပြီး ဧရာဝတီငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌမှ ငါးဆိုဒ် ၊ ငါးအမျိုးအစား ၊ ဈေးနှုန်းနှင့် ပို့ဆောင်မှုကိစ္စများအား ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)