ခေတ်မီနည်းစနစ်များဖြင့် ဘက်စုံဖွဲ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး

Powered by Drupal

     ကမ္ဘောဒီးယားနိုင်ငံသည် သီဟိုဠ်စေ့အကြမ်းထုတ်လုပ်သည့် ကမ္ဘာ့ဒုတိယအကြီးဆုံးနိုင်ငံဖြစ်လာပြီး ၂၀၂၄ခုနှစ်၊ ခုနစ်လအတွင်း စုစုပေါင်းတန်ချိန် ၈၃၀၀၀၀ထုတ်လုပ်ခဲ့ကြောင်း ကမ္ဘောဒီးယားသီဟိုဠ်စေ့အသင်း (CAC) ၏ အစီရင်ခံစာအရသိရသည်။

        ဗီယက်နမ်နိုင်ငံသို့ သီဟိုဠ်စေ့တင်ပို့မှုမှာ တန်ချိန် ၇၈၀၀၀၀ကျော်ရှိလာပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၀၉၂သန်းကျော်ရှိကြောင်း CAC ကပြောကြားခဲ့သည်။ ၎င်းသည် ပမာဏ ၃၆.၇ရာနှုန်းတိုးလာပြီး တန်ဖိုးအားဖြင့် ၂၈.၁ရာခိုင်နှုန်းတိုးလာခြင်းဖြစ်သည်။

         ကမ္ဘောပေါ်တွင် သီဟိုဠ်စေ့အကြမ်းအများဆုံးထုတ်လုပ်သူမှာ အိုင်ဗရီကို့စ်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံသည် အိန္ဒိယကိုကျော်ကာ ဒုတိယအများဆုံးထုတ်လုပ်သူနေရာသို့ရောက်ရှိခဲ့သည်။ အိန္ဒိယနိုင်ငံသည် ရာသီဥတုဖောက်ပြန်မှုကြောင့် တတိယနေရာသို့ကျဆင်းသွားခဲ့သည်။

     သီဟိုဠ်စေ့မူဝါဒ ၂၀၂၂-၂၇ သည်ပိုမိုကောင်းမွန်သော ရလဒ်များရရှိစေရန်အတွက် CAC သည် ပြည်တွင်းလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုများကိုပိုမိုဆွဲဆောင်လိုခဲ့သည်။ သီဟိုဠ်စေ့ခြောက်တစ်ကီလိုလျှင် ၇၃၀၀riel ခန့်ပေါက်ဈေးရှိသည်။

       ကမ္ဘောဒီးယား သီဟိုဠ်စေ့လုပ်ငန်းတွင် အခြေခံအဆောက်အအုံများတိုးတက်ဖွံ့ဖြိုးတိုးတက်ရန် သီဟိုဠ်စေ့မူဝါဒ ၂၀၂၂-၂၀၂၇ ကိုလိုက်နာရန် ရင်းနှီးမြှုပ်နှံမှု၌ ဒေါ်လာ ၃၂၉သန်းလိုအပ်လျက်ရှိကြောင်းသိရသည်။

        Kapong Than ပြည်နယ်တွင် ခေတ်မီစိုက်ပျိုးရေးအသိုက်အဝန်း(၃)ခုကို သြဂုတ်လ သို့မဟုတ် စက်တင်ဘာလတွင် တရားဝင်ဖွဲ့စည်းမည်ဖြစ်ပြီး အဖွဲ့ဝင်(၈၈)ဦး၊ သီဟိုဠ်စေ့စိုက်ပျိုးဧရိယာ ၂၀၄ဟတ်တာရှိသော Kanpong Than Sala Visai အပါအဝင် အဖွဲ့ဝင်(၉၇)ဦး၊ ၅၀၇ ဟတ်တာရှိသောPrasat Sanbo နှင့် အဖွဲ့ဝင်(၇၆)ဦး၊ ၄၆၀ ဟတ်တာရှိသော Tamring Kanpong Tham တို့ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

Source: Khmer times

DOCA(ရန်ကုန်)