ဒေးဒရဲမြို့၊ တော်တနီး ရပ်ကွက် အ.မ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

    ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးစိုးမင်းထိုက်၊ ဦးစီးမှူးဒေါ်ကေသွယ်ဝင်းနှင့် ဝန်ထမ်းများသည်  ဒေးဒရဲမြို့၊ တော်တနီးရပ်ကွက်  အ.မ.က ကျောင်းရှိ ဆရာ/ဆရာမနှင့် ကျောင်းသား/သူများအား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၉) ရက်နေ့ ၊နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး  အသိပညာပေး ဟောပြောခဲ့ပါသည်။

    အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်က တားမြစ်ဆိုးဆေးများအကြောင်း ၊ တာရှည်ခံဆိုးဆေးများ အသုံးပြုထားသော တရုတ်တံဆိပ်ပါ  မုန့်များ၊ သကြားလုံးများ၊ မှိုတက်အစားအစာများ (ဥပမာ- ပေါင်မုန့်)၊ ဒိတ်လွန်နေသော အချဉ်ထုပ်များနှင့် တွဲဖက်စားသုံးရန် မသင့်သော အစားအစာများအကြောင်းကို အသိပညာပေး ဟောပြောခဲ့ပါသည်။ ထို့အပြင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော အစားအစာနှင့် ကုန်ပစ္စည်းများကိုဝယ်ယူသုံးစွဲမှသာ ကျန်းမာရေးကောင်းမွန်ပြီး ကင်ဆာရောဂါဖြစ်ခြင်းမှ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ အချိုမှုန့်နှင့် စားအုန်းဆီများကို လျော့ချစားသောက်မှသာ ကျန်းမာပျော်ရွှင်ပြီး နောင်အနာဂတ်တွင် နိုင်ငံတော်အတွက် အကျိုးပြုနိုင်သော ကြယ်ပွင့်ကလေးများ ဖြစ်စေလိုကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော မုန့်များကိုလည်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)