ဒေးဒရဲမြို့၊ အိုးဘို အ.မ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟော ပြောခြင်း

Powered by Drupal

     ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန မှ ဒု-ခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်နှင့် ဝန်ထမ်းများသည်  ဒေးဒရဲမြို့၊ အိုးဘို အ.မ.က ကျောင်းရှိ ဆရာ/ဆရာမ နှင့် ကျောင်းသား/သူ များအား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်နေ့ ၊နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး  အသိပညာပေး ဟောပြောခဲ့ပါသည်။

      စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်မှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူအခွင့်အရေး (၈) ချက်နှင့် တာဝန် (၄) ချက်ရှိကြောင်း၊ စားသုံးသူဆိုသည်မှာ လူတိုင်းပါဝင်ပတ်သက်နေကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိရာ စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှ  သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ကို ဆိုလိုခြင်းဖြစ်ကြောင်းနှင့် စားသုံးသူများ လွတ်လပ်စွာ ရွေးချယ်ဝယ်ယူနိုင်ခွင့်နှင့် ကုန်စည်နှင့်ဝန်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များကို အစားထိုး လဲလှယ်နိုင်ခွင့်ရှိပြီး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် စင်တာများ ဖွင့်လှစ်ထားရှိကြောင်း၊ အသိပညာပေးဟောပြောခဲ့ပြီး အဆိုပါ ဟောပြောပွဲသို့ ဆရာ/ ဆရာမနှင့် ကျောင်းသား/သူ (၁၂၇) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)