စားသုံးသူကာကွယ်ပေးရေး အသိပညာပေး Talk Show ပြုလုပ်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုး (အငယ်တန်းစာရေး)သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိ ပညာပေး Talk Showကို ၂၀၂၄ခုနှစ် ဩဂုတ်လ ၁၆ရက်နေ့၊ နေ့လယ် (၁၁:၀၀) နာရီ အချိန်တွင် ဓနုဖြူလူထု အခြေပြုဗဟိုဌာန Communit Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

       အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုး (အငယ်တန်းစာရေး)က  ပြည်သူများအား အွန်လိုင်းတွေ့ဆုံဆွေးနွေးမှုအရ ပြောကြားရာ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၃) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအကြောင်းကို ဆွေးနွေးခဲ့သည်။ စီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူအပေါ် ဝန်ဆောင်မှုပေးခြင်းနှင့် စပ်လျဉ်းသည့် ဖော်ပြရမည့် အာမခံချက်များတွင် အချက်(၅)ချက်ပါဝင်ကြောင်းကိုလည်းကောင်း၊ ဝန်ဆောင်မှုပေးလိုသော အချက်အလက်များကို စားသုံးသူသိရှိရန် ကြိုတင်အသိပေးခြင်း၊ မှန်ကန်သောသတင်း အချက်အလက်နှင့် ပြည့်စုံသော ဝန်ဆောင်မှုအဆင့်အတန်းလိုအပ်ချက်နှင့် ကိုက်ညီရမည်၊ စားသုံးသူလိုအပ်ချက်နှင့် ကိုက်ညီမှုရှိရမည်၊ အာမခံထားသော အချိန်ကာလအတွင်း ပြီးပြတ်အောင် ဆောင်ရွက်ပေးရမည်၊ စားသုံးသူသဘောတူညီမှုအတိုင်း ဝန်ဆောင်မှုတန်ဖိုးအတိုင်းပေးအပ်စေရမည် စသောအချက်များကိုရှင်းလင်းပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၄) ပုဒ်မ ၂၆ အရ စီးပွားရေးလုပ်ငန်းရှင်က  အာမခံချက်ပေးထားသည့်အတိုင်း ဝန်ဆောင်မှုမပေးနိုင်လျှင် ဝန်ဆောင်မှု ပျက်ကွက်လျှင် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးရှိကြောင်း ဝန်ဆောင်မှု ပျက်ကွက်မှုကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် ယင်းအတွက် လျော်ကြေးပေးရန်၊ အာမခံထားသော အချိန်ကာလအတွင်း သဘောတူထားသော ဝန်ဆောင်မှုကို မရရှိခဲ့လျှင် နစ်နာမှုအတွက် ကုစားခွင့်ရှိကြောင်းကို ပြောကြားဆွေးနွေးခဲ့သည်။

       ဆက်လက်၍ စားသုံးသူအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ နစ်နာမှုအား တိုင်ကြားလိုပါက လူကိုယ်တိုင်သော်လည်းကောင်း၊ လူထုဆက်သွယ်ရေးနည်းလမ်းတစ်ခုခုဖြင့်သော်လည်းကောင်း သက်ဆိုင်ရာဦးစီးမှူးရုံးသို့ သက်သေခံအထောက်အထားနှင့်အတူ တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သော နည်းလမ်း (CICC) ရုံးခန်းများ၊ အွန်လိုင်းမှတိုင်ကြားလိုပါက  www.doca.gov.mm website တို့မှ consumer complaint system ပုံစံတွင် အချက်အလက်များဖြည့်သွင်း၍လည်းကောင်း၊ ဖုန်းဆင်းကဒ် အသုံးပြု၍ Consumer Call Center (1535)သို့ ဆက်သွယ်၍တိုင်ကြားနိုင်ကြောင်းကို အကျယ်တဝင့် ပြည်သူများသိရှိရန် ပြောကြား ဆွေးနွေးခဲ့ ကြောင်းသိရသည်။

DOCA(ဧရာဝတီ)