ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၈.၃.၂၀၂၂)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်၌ အမှတ်(၅)ရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များ၌ ရောင်းချနေသော ကုန်စည်များအား ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
စစ်ဆေးရမည့် ကုန်စည်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)အရ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များနှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းမပြည့်စုံသော ကုန်စည်များကို ရောင်းချပါက စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ(၇၃)အရ အရေးယူခံရ မည်ဖြစ်ကြောင်းကို အသိပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်(၃)ဆိုင်အား စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)