မော်လမြိုင်မြို့တွင် သက်သာသော ရည်ညွှန်းစျေးနှုန်းဖြင့် စားအုန်းဆီများအား ပြည်သူများထံ ရောင်းချခြင်း

Powered by Drupal

    ၁၉.၈.၂၀၂၄ ရက်နေ့တွင် မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်၊ စစ်ကိုင်းဘုန်းကြီးကျောင်းရှေ့၊ သီရိမြိုင်ရပ်ကွက်၊ ဓမ္မာရုံ၊ ဇေယျာမြိုင်ရပ်ကွက်၊ ဇေယျာမြိုင်ရပ်၊ ကွင်းရပ်ရပ်ကွက်၊ ကွင်းရပ်၊ ပန်းဘဲတန်းရပ်ကွက်၊ ထားဝယ်စုရပ်၊ ထားဝယ်စုဈေး၊ ငန်းတေးရပ်ကွက်၊ ရွှေမြိုင်သီရိရပ်ကွက်၊ လမုတန်းဈေး၊ ဇေယျာသီရိရပ်ကွက်၊ ဇေယျာ (၁)ရပ်နှင့် ဇေယျာ (၂)ရပ်၊ လှိုင်ရပ်ကွက်၊ ဘဲကုန်းဈေး၊ ရွှေပြည်အေးဈေး၊ ရွှေပြည်စိုးဈေး၊ သာယာအေးရပ်၊ ရွှေတောင်ရပ်ကွက်၊ အ.ထ.က (၅)ရှေ့၊ စမ်းကြီးရပ်ကွက်၊ ဂွေးကုန်းရပ်ကွက်၊ မောင်ငံရပ်ကွက်၊ မောင်ငံဈေး၊ ကျောက်တန်း ရပ်ကွက်၊ ရိုးဂိုးကျေးရွာနှင့် ဖားအောက်ကျေးရွာတို့၌ မော်လမြိုင်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Zabu Kan Tun Trading Co.,Ltd ၊ Kaung Hlyan New Asia Co.,Ltd ၊ Global Good Pure Group Co.,Ltd နှင့် Lwin Maung Maung Co.,Ltd တို့မှ တင်သွင်းလာသော စားအုန်းဆီများအား လက်ကား/ လက်လီ ကိုယ်စားများမှတစ်ဆင့် သက်သာသော ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း၊ ထိုသို့ ရောင်းချရာတွင် စားအုန်းဆီ တစ်ပိဿာလျှင် ၆,၆၅၀ ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ဆီ(၅၀)ကျပ်သားနှုန်း၊ စုစုပေါင်း စားအုန်းဆီ (၆၄၉၉)ပိဿာအား ပြည်သူများကို ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါရောင်းချရာနေရာများ၌ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံမှ မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)