မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ဆေးဝါးများ ဈေးနှုန်းအခြေအနေအား ၂၀.၈.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မော်လမြိုင်မြို့ရှိ ဦးဖေကြည်မိသားစုဆေးဆိုင်၊ ရွှေနိုင်ငံဆေးဆိုင်တို့အား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မွန်ပြည်နယ်အတွင်း၌ ဆေးနှင့်ဆေးပစ္စည်းများကို ရန်ကုန်မြို့ရှိ ဆေးကုမ္ပဏီများမှမှာယူခြင်းဖြစ်ပြီး၊ ဆေးကုမ္ပဏီများမှမှာယူသည့်ပမာဏထက် ရာခိုင်နှုန်းအနည်းငယ်သာရရှိပါကြောင်း၊ ဆေးနှင့်ဆေးပစ္စည်းသိုလှောင်ထားသည့် သိုလှောင်ရုံများမရှိကြောင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း မရှိကြောင်း၊ ဆေးဈေးနှုန်းအနေဖြင့် ယခင်အပတ်ထက် အနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။
DOCA(မွန်)