![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/23.21_0.jpg?itok=SvGPQasR)
၂၁.၈.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ ဇာနည်သျှမ်းဆေးဆိုင်နှင့် အောက်လမ်းမကြီး လမ်းဘေးဝဲယာရှိ ဆေးဆိုင်များအား ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းများ မြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ အဆိုပါဆေးဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်းများမှာ ဈေးနှုန်းများ အဆမတန်မြှင့်တင်ရောင်းချခြင်း ရှိ/မရှိ၊ ဖြစ်သင့် ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးရာ ဆေးနှင့်ဆေးပစ္စည်း ဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်းမရှိကြောင်း သိရှိရပါသည်။
DOCA(မွန်)