မင်းတုန်းမြို့တွင် ဆန်လက်လီ၊ လက်ကားအရောင်းဆိုင်များအား အသိပညာပေး

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် (၁၉.၈. ၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၂း၀၀)နာရီအချိန်တွင် မင်းတုန်းမြို့ အမှတ်(၂၊၃၊၄)ရပ်ကွက်တို့ရှိ ဆန်ရောင်းချနေသော လက်လီ၊ လက်ကားအရောင်းဆိုင်များသို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှ သတ်မှတ်ထုတ်ပြန်ထားသည့် ၂၀၂၄ခုနှစ်၊ သြဂုတ်လအတွက် ဈေးနှုန်းများအားဝေငှပြီး အသိပညာ ပေးဆွေးနွေးခြင်းများ ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ဆန်လက်လီ၊ လက်ကားအရောင်းဆိုင်များအား MRFမှ သတ်မှတ်ထုတ်ပြန်ထားသည့် ၂၀၂၄ ခုနှစ်၊ သြဂုတ်လအတွက် ဆန်ဈေးနှုန်းအတိုင်း လိုက်နာရောင်းချနိုင်ရန်နှင့် သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများနှင့် ကွာဟမှုမရှိသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် အများပြည်သူများသို့ ရောင်းချစေရေး ပြောကြားခဲ့ကြောင်း သိရသည်။

DOCA(မကွေး)