တောင်ငူမြို့တွင် ဘိလပ်မြေများ ဈေးနှုန်းမြင့်တက်

Powered by Drupal

      တောင်ငူမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ကြံ့နှစ်ကောင်(အနီ)အမှတ်တံဆိပ် ဘိလပ်မြေမှာ ယခင်လကုန်တွင် တစ်အိတ်လျှင် ၉၈၀၀ကျပ်ရှိခဲ့ရာမှ သြဂုတ်လ၊ တတိယအပတ်တွင် တစ်အိတ်လျှင် ၁၁၅၀၀ကျပ်ရှိသဖြင့် နှစ်ပါတ်အတွင်း တစ်အိတ်လျှင် ၁၇၀၀ကျပ်ဈေးမြင့်တက်လျက်ရှိပါသည်။

       Alpna အမှတ်တံဆိပ်နှင့် Apche အမှတ်တံဆိပ် ဘိလပ်မြေများမှာ ယခင်လကုန်ရက်တွင် တစ်အိတ်လျှင် ၉၆၀၀ကျပ်ရှိခဲ့ရာမှ သြဂုတ်လ၊ တတိယအပတ်တွင် တစ်အိတ်လျှင် ၁၁၃၀၀ကျပ်ရှိသဖြင့် နှစ်ပတ်အတွင်း တစ်အိတ်လျှင် ၁၇၀၀ကျပ်ဈေးမြင့်တက်လာပါသည်။

       Max အမှတ်တံဆိပ် ဘိလပ်မြေမှာ ယခင်လကုန်ရက်တွင် တစ်အိတ်လျှင် ၉၅၀၀ကျပ်ရှိခဲ့ရာမှ သြဂုတ်လ၊ တတိယအပတ်တွင် တစ်အိတ်လျှင် ၁၁၂၀၀ကျပ်ရှိသဖြင့် နှစ်ပတ်အတွင်း တစ်အိတ်လျှင် ၁၇၀၀ကျပ်ဈေးတက်မြင့်ကြောင်းနှင့် မိုးကာလဖြစ်သဖြင့် အရောင်းအဝယ်ပါးကြောင်းသိရပါသည်။

DOCA(ပဲခူး)