မြိတ်မြို့တွင် စျေးနှုန်းသက်သာစွာဖြင့် အခြေခံစားကုန်များရောင်းချခြင်းနှင့် ကျန်မာရေး စောင့်ရှောက်ခြင်းများဆောင်ရွက်ပေး

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ ဌာနဆိုင်ရာများပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ သြဂုတ်လ(၂၁)ရက်နေ့၊ နံနက် (၇း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ ကန်ဖျားရပ်၊ မြန့်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်လာရောက်သူများအား စျေးနှုန်းသက်သာစွာဖြင့်ဝယ်ယူနိုင်ရေး အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    အခြေခံစားသောက်ကုန်များရောင်းချရာတွင် ဆန်တစ်ပြည်(၃၄၀၀)ကျပ်၊ ကြက်ဥ (၃)လုံးကို (၁၀၀၀)ကျပ်၊ ဆီ(၅၀)ကျပ်သားလျင်(၃၃၀၀)ကျပ်၊ ဆားတစ်ထုတ်(၃၀၀)ကျပ်နှင့် ချဉ်ပေါင်ရွက်၊ ငါး၊ ကြက်သွန်နီ၊ ပဲခြမ်း၊ ငရုတ်သီးမုန့်၊ မန်ကျည်းသီးများအား ရောင်းချခဲ့ပြီး ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)