မြိတ်မြို့တွင်ရောင်းချနေသော ရောနှောဆီများရှိ ကုန်အညွှန်းအမှတ်အသားအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ ဗဟိုစာရင်းအင်းဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့သည် ၂၀၂၄ခုနှစ်၊ သြဂုတ်လ(၂၀)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် မြိတ်မြို့ပေါ်ရှိ ကုန်စုံဆိုင်ကြီးများသို့ သွားရောက်၍ ရောနှောဆီများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် ရောနှောဆီများကို သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားဖြင့် ဖော်ပြပါရှိခြင်းရှိ/မရှိနှင့် ဘေးအန္တရာယ်ကင်းရှင်းသောစားသောက်ကုန်များ ရောင်းချရန်၊ သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချခြင်းမပြုရန် ပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)