ပြောင်းဖူးဈေးနှုန်း၊ ဈေးကွက်

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး(အနောက်) နတ်တလင်းခရိုင်၊ နတ်တလင်းမြို့တွင် ရောင်းချနေသော ပြောင်းဖူးဈေးနှုန်းမှာ သြဂုတ်လ၊ တတိယအပတ်တွင် ပြောင်းဖူး(အဝါ)တစ်ဖူးလျှင် (၅၀၀)ကျပ်ဖြစ်ပြီး (၁၀) ဖူးဈေးမှာ (၄၀၀၀)ကျပ်နှုန်းဖြစ်သည်။ ပြောင်းဖူး(အဖြူ)တစ်ဖူးလျှင် (၃၀၀) ကျပ်ဖြစ်ပြီး (၁၀)ဖူးဈေးမှာ (၃၀၀၀)ကျပ်နှုန်းဖြစ်ပါသည်။ ပြောင်းဖူးကို နတ်တလင်းမြို့နယ်၊ ကံသာပေါက်တန်းရွာ၊ ကျောင်းကြီး ရွာ၊ ပတောလှရွာ၊ သရက်တပင်ရွာ၊ ဝဲကြီးရွာ၊ ဝင်းတဲသဲကုန်းရွာ၊ ဇီးတောရွာ၊ ရှားတောကြီးကျေးရွာများတွင် စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ပြောင်းဖူးမျိုးအဖြစ် လေယာဉ်အမှတ်တံဆိပ်ကိုအသုံးပြုပြီး တစ်ထုပ်လျှင် (၂၈၀၀)ကျပ်ပေးရကြောင်း၊ တစ်ဧကလျှင် (၆-၇) ထုပ်စိုက်ရပါသည်။ စိုက်ပျိုးပြီး (၇) ရက်အကြာတွင် အပင်ပေါက်၍ ပေါင်းပင်များကို (၁၅) ရက်ကြာလျှင် ပေါင်းမြက်ရှင်းရပါသည်။ ရက် (၆၀)ခန့်အကြာတွင် စတင်ခုတ်ပြီး‌ရောင်းချရပါသည်။ ပြောင်းဖူးသည် လူကြီး၊ လူငယ်၊ မရွေး ကြိုက်နှစ်သက်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ ပြောင်းဖူးကို ပြုတ်၍သော်လည်းကောင်း၊ ကြော်၍သော်လည်းကောင်း၊ မီးဖုတ်၍သော်လည်းကောင်း စားသုံးကြပါသည်။ ပြောင်းဖူးစားသုံးခြင်းဖြင့် သတ္တုဓာတ်ကြွယ်ဝခြင်း၊ သွေးအားနည်းရောဂါကိုကာကွယ်ပေးခြင်း၊ နှလုံးကျန်းမာစေခြင်း၊ အမျှင်ဓာတ်ပြည့်ဝခြင်း စသည့် ကောင်းကျိုးများရရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)