အမေရိကန်နှင့် အိုမန်ကုန်သွယ်မှုသည် မေလတွင် ၆.၆ ရာခိုင်နှုန်းမှ ၁.၉ ဘီလီယံအထိတိုးလာ

Powered by Drupal

   အမေရိကန်နှင့် အိုမန်ကုန်သွယ်မှုသည် မေလတွင် ၆.၆ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး Omani rials ၇၄၂.၉သန်(ဒေါ်လာ ၁.၉ဘီလီယံ) အထိရောက်ရှိခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။

    National Center For Statistic and Information ၏ပမာဏကိန်းဂဏန်းများအရ အိုမန်မှ အမေရိကန်နှင့် တောင်အာဖရိကသို့ တင်ပို့မှုသည် မေလကုန်တွင်rials  ၂၅၅ သန်းကျော် ရောက်ရှိခဲ. ပြီးယမန်နှစ်အလားတူကာလကထက် ၂၃.၃ ရာခိုင်နှုန်းတိုးမြင့်လာခဲ့သည်။

   အမေရိကန်မှတင်သွင်းမှုစုစုပေါင်းသည် rial ၄၆၉ သန်းကျော်ရှိပြီး ၂၀၂၃ခုနှစ် မေလ ကထက် ၂ ရာခိုင်နှုန်းတိုးလာကြောင်း Oman သတင်းအေဂျင်စီက ဖော်ပြသည်။

     အမေရိကန်သည်အိုမန်နှင့်ကုန်သွယ်မှုကို ဦးဆောင်နေကြောင်း ကိန်းဂဏန်းအချက် အလက်များအရသိရသည်၊ မေလကုန်တွင် အမေရိကန်မှသွင်းကုန်စုစုပေါင်း rials ၁၉၇ သန်းနီးပါးရှိပြီး ၂၀၂၃ မေလနှင့်နှိုင်းယှဥ်ပါက ၇.၉ ရာခိုင်နှုန်းကျဆင်းခဲ့သည်၊ ဆန့်ကျင်ဘက်အားဖြင့် အမေရိကန်သို့တင်ပို့မှုသည် rial ၁၉၇.၆ သန်းရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၄.၆ ရာခိုင်နှုန်းတိုးလာ ခဲ့သည်။

    ယင်းသည် ၂၀၀၉ ခုနှစ်တွင် ချုပ်ဆိုခဲ့သော နှစ်နိုင်ငံကြား လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်နှင့်အညီ နှစ်နိုင်ငံကုန်သွယ်မှုကိုမြင့်တင်ပေးပြီး နှစ်ဖက်စလုံးအတွက် အခွင့်အလမ်းများဖန်တီးပေးကာ ရင်းနှီးမြှုပ်နှံမှုများကိုဆွဲဆောင်ရန်နှင့် ၎င်း၏စီးပွားရေးကို ကွဲပြားစေသည့် အိုမန်၏ရည်မှန်းချက်ကိုလည်း ပံ့ပိုးကူညီပေးနိုင်မည်ဖြစ်သည်။

     ဒေသတွင်းတည်ငြိမ်မှုနှင့် သာယာဝပြောရေးတိုးမြင့်ရန် အမေရိကန်၏ကြိုးပမ်းအားထုတ်မှုများတွင် အိုမန်သည်အရေးပါသော အခန်းကဏ္ဍမှပါဝင်ပြီး ကမ္ဘာ့ရေကြောင်းမှ ရေနံတင်ပို့မှု၏ ၃၀ ရာခိုင်နှုန်းသည် ၎င်းရေပိုင်နက်အတွင်းမှ ဖြတ်သန်းသွားလာနေကြသောကြောင့်ဖြစ်သည်။

Source: arabnews  

DOCA(ရန်ကုန်)