ဗီယက်နမ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် တန်ဖိုးမြင့်ထုတ်လုပ်မှုစွမ်းရည်ကြောင့် နှာတစ်ဖျားသာရနေ

Powered by Drupal

    အမေရိကန်ဖက်ရှင်လုပ်ငန်းအသင်း၏ လတ်တလောသဘောထား ကောက်ခံချက်ဖြစ်သည့် အမေရိကန်သို့ အထည်အလိပ်တင်ပို့သည့်နိုင်ငံများ၏ ယှဉ်ပြိုင်နိုင်စွမ်းရည်အရေးသာမှု နှိုင်းယှဉ်ချက်တွင် ဗီယက်နမ်နိုင်ငံက တရုတ်နှင့်ဘင်္ဂလားဒေ့ရှ်ထက် စုစုပေါင်းအမှတ်ရရှိမှု မြင့်မားခဲ့ကြောင်း သိရပါသည်။ အဆိုပါ သဘောထားကောက်ခံချက်အရ ဗီယက်နမ်နိုင်ငံသည် ၎င်းတို့၏ တန်ဖိုးမြင့်ထုတ်ကုန်များ ကွဲပြားစွာ ထုတ်လုပ်နိုင်သောစွမ်းရည်ကြောင့် ပိုမိုကောင်းမွန်သော ယှဉ်ပြိုင်နိုင်မှုတွင် နှာတစ်ဖျား အသာရနေကြောင်း သိရပါသည်။ ဗီယက်နမ်သည် လတ်တလောတွင် ကျယ်ပြန့်၍ စုံလင်သော ထုတ်ကုန်များကို လျင်မြန်စွာ ထုတ်လုပ်နိုင်သည့်စွမ်းရည်တွင် ဦးဆောင်လျှက်ရှိကြောင်း သိရပါသည်။ ထိုစွမ်းရည်သည် ၎င်းတို့၏ စက်ပစ္စည်းများနှင့် ကျွမ်းကျင်သော လုပ်သားရရှိရေးတို့တွင် ရင်းနှီးမြှပ်နှံမှု ၏ရလဒ်ဖြစ်ကြောင်း သိရပါသည်။ သို့သော် ရေရှည်တွင် အဆိုပါအရေးသာမှုကို လျှော့ချနိုင်သည့် အလားအလာနှင့်အတူ အခြားနိုင်ငံများက အမီလိုက်လာ နိုင်ကြောင်း သိရပါသည်။ ၂၀၂၀ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်သည် အထည်အလိပ် တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၉.၈ ဘီလီယံဖြင့် ဗီယက်နမ်နှင့် တရုတ်နောက်တွင်ရှိနေခဲ့ကြောင်း သိရပါသည်။  သို့သော် ၂၀၂၂ ခုနှစ်တွင် တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄၉ ဘီလီယံဖြင့် တစ်ကမ္ဘာ လုံးတွင် နံပါတ် ၂ နေရာ ရောက်ရှိခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်သည် အထည်အလိပ် တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၅၀.၃ ဘီလီယံဖြင့် ရောက်ရှိခဲ့ပြီး ၂၀၂၀ ခုနှစ်ကထက် ၇၀% မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုအချိန်တွင် ဗီယက်နမ်သည် အဆိုပါ ကဏ္ဍတွင် ၂၀၂၀ ခုနှစ် အမေရိကန်ဒေါ်လာ ၃၅.၃ ဘီလီယံတန်ဖိုး တင်ပို့ခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် အမေရိကန်‌ဒေါ်လာ ၄.၄၆ ဘီလီယံတန်ဖိုး တင်ပို့ခဲ့ကြောင်း သိရပါသည်။ သို့သော် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၉.၆ ဘီလီယံတန်ဖိုးသာ တင်ပို့နိုင်ခဲ့ပြီး တင်ပို့မှု ၁၀% လျော့ကျခဲ့ကြောင်း သိရပါသည်။ ကမ္ဘာ့ထိပ်ဆုံး အထည်အလိပ်တင်ပို့သူဖြစ်သည့် တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ၂၀၂၀ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၃.၇% သာလျှင် မြင့်တက်ခဲ့ကြောင်း သိရပါသည်။

Source: Vietnam Plus

DOCA(ရန်ကုန်)