မလေးရှားနိုင်ငံသည် ၂၀၃၀ပြည့်နှစ်တွင် အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး မလေးရှားရင်းဂစ် ၃၀၀ဘီလီယံခန့်ရရှိရန်ရည်မှန်း

Powered by Drupal

        မလေးရှားနိုင်ငံသည် ၂၀၃၀ပြည့်နှစ်တွင် အစိမ်း‌ရောင်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ရင်းဂစ် ၃၀၀ဘီလီယံခန့်ကိုဆွဲဆောင်နိုင်ရန် ရည်မှန်းထားကြောင်း မလေးရှားနိုင်ငံရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ် ရေးနှင့် စက်မှုဝန်ကြီးဌာန(MITI)က ပြောကြားခဲ့ကြောင်းသိရပါသည်။ MITI ၏ ဝန်ကြီးဖြစ်သူ Tengku Datuk Seri Zafrul Abdul Aziz က မလေးရှားနိုင်ငံသည် ၂၀၁၇ခုနှစ်မှ ၂၀၂၃ခုနှစ် အတွင်း အဆိုပါကဏ္ဍ၌ ရင်းဂစ် ၄၀ဘီလီယံသာဆွဲဆောင်နိုင်ခဲ့ကြောင်း၊ နိုင်ငံ၏ တည်ငြိမ်သောအနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုများလိုအပ်ကြောင်းနှင့် ၂၀၃၀ပြည့်နှစ်တွင် အစိမ်းရောင်ရင်းနှီး မြှုပ်နှံမှုတန်ဖိုး ရင်းဂစ် ၃၀၀ဘီလီယံရရှိရန် အ‌ရေးကြီးကြောင်းပြောကြားခဲ့ပါသည်။ မ‌လေးရှားနိုင်ငံ၏ အစိမ်းရောင်းရင်းနှီးမြှုပ်နှံမှုအများစုသည် ပြန်လည်သုံးစွဲနိုင်သောစွမ်းအင်(RE)နှင့် လျှပ်စစ်မော်တော်ယာဉ်(EV) ကဏ္ဍတို့ဖြစ်ကြောင်းသိရပါသည်။  RE သည် ၂၀၁၉ခုနှစ်အထိ အစိမ်းရောင်ရင်နှီးမြှုပ်နှံမှု၏ ၆၀ရာခိုင်နှုန်းခန့်ရှိပြီး EVs  မှာ ၂၀၂၀ပြည့်နှစ်မှ ၂၀၂၃ခုနှစ်အတွင်း ၅၈ရာခိုင်နှုန်းခန့်ပါဝင်ကြောင်းသိရပါသည်။ Zafrul ၏အဆိုအရ အဆိုပါရည်မှန်းချက်သည် မလေးရှားနိုင်ငံကို ၂၀၅၀ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှင့်မှုသုညအထိ ရောက်ရှိစေရန်ဖြစ်ကြောင်း သိရှိရပါသည်။ Zafrul က မလေးရှားနိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် MITI က ကမ်းလှမ်းထားသည့် ကုမ္ပဏီများအား အစိမ်းရောင်စွမ်းအင်ကူးပြောင်းရာတွင် ပံ့ပိုးပေးမည့် ၂၀၂၅ခုနှစ် အတွက် ဘတ်ဂျက်ကိုခွင့်ပြုပေးရန် မျှော်လင့်ကြောင်းပြောကြားခဲ့ပါသည်။ MITI သည် ပြည်တွင်းကုမ္ပဏီများနှင့် SME လုပ်ငန်းများသည် ကူးပြောင်းရေးလုပ်ငန်းစဉ်အတွက် အဆိုပါ မက်လုံးအားပေးမှုများမှတစ်ဆင့် အကျိုးကျေးဇူးရရှိရန် မျှော်လင့်လျက်ရှိကြောင်းသိရပါသည်။

Source: Vietnem Plus

DOCA(ရန်ကုန်)