တရုတ်စီးပွား‌ရေးလုပ်ငန်းများ ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုကို ဝန်ကြီးချုပ်ကြိုဆို

Powered by Drupal

        ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Hun Manet သည် ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုကိုပြသခဲ့သည့် တရုတ်နိုင်ငံ Guangdong ပြည်နယ်၏မြို့တော် Shantou မှ တရုတ်ကုမ္ပဏီများကို ကြိုဆိုတွေ့ဆုံခဲ့ကြောင်း ဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ချက်အရသိရပါသည်။ တရုတ်ကွန်မြူပါတီ၏ Shantou မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူးဖြစ်သူ Wen Zhanbin ဦးဆောင်လာသည့် ကုမ္ပဏီ ၉ခုပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ကို Peace Palace တွင်တွေ့ဆုံခဲ့ပြိး Shantou မြို့တော်ကိုယ်စားလှယ်အဖွဲ့၏ အောင်မြင်မှုများကို အသိအမှတ်ပြုခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံတွင် အလားအလာရှိသောကဏ္ဍအစုံတွင် ရင်းနှီးမြှုပ်နှံရန် ၎င်းတို့၏စိတ်ဝင်စားမှုကို ကြိုဆိုခဲ့ကြောင်းသိရပါသည်။ Wen Zhanbin က Shantou မြို့တော်မှ တရုတ်ကုမ္ပဏီများသည် ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြောင်းနှင့် ယခုအလည်အပတ်ခရီးစဉ်သည် Shantou မြို့တော်နှင့် ကမ္ဘောဒီးယားနိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ရိုးရာယဉ်ကျေးမှုဖလှယ်ခြင်း အစရှိသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါသည်။ ထုတ်ပြန်ချက်၏အဆိုအရ တရုတ်ကိုယ်စားလှယ်အဖွဲ့သည် ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့်အနာဂတ်တွင် Shantou မှ ကမ္ဘောဒီးယားနိုင်ငံသို့ တိုက်ရိုက်လေကြောင်းလိုင်း ပြန်လည်ဖွင့်လှစ်မှုကာ ခရီးသွားကဏ္ဍ အစရှိသည့်နယ်ပယ်တို့တွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ဆန္ဒရှိကြောင်းသိရှိရပါသည်။ Mr. Hun Manet သည် Shantou မြို့တော်မှ ရင်းနှီးမြှုပ်နှံသူများကို အလားအလာရှိသော ကဏ္ဍများတွင် အထူးသဖြင့် စိုက်ပျိုးမွေးမြူရေးနှင့်စက်မှုလုပ်ငန်းတို့တွင် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရန်နှင့် အခွင့်အလမ်းများရှာဖွေရန် ကမ္ဘောဒီးယားတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍတို့နှင့် ဆွေးနွေးမှုများပြုလုပ်ရန် တောင်းဆိုခဲ့ကြောင်းသိရပါသည်။ လူမှုစီးပွားသုတေသနပညာရှင် Dr.Chey Tech က တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ထပ်ပေါင်းရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သည့် နံပတ်(၁)နိုင်ငံဖြစ်ကြောင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ များစွာသောဖွံ့ဖြိုးတိုးတက်မှုများအတွက် ချေးငွေများနှင့် ဘဏ္ဍာရေး‌ထောက်ပံ့မှုမှုများပြုလုပ်ခဲ့ကြောင်းသိရပါသည်။ ၂၀၂၄ခုနှစ်၏ ပထမ ၇လတာကာလတွင် တရုတ်နိုင်ငံသည် အမေရိကန်နှင့်ဗီယက်နမ်ပြီးနောက် ကမ္ဘောဒီးယားထံမှ တတိယအကြီးမားဆုံးတင်သွင်းသူဖြစ်ကြောင်းသိရပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုတွင်သာမက ကမ္ဘောဒီးယားမှတင်ပို့သည့် ထုတ်ကုန်များကို နိုင်ငံတကာသို့ ဈေးကွက်တင်ရောင်းချခြင်းတွင်ပါ အလွန်အရေးကြီးသည့်နိုင်ငံအဖြစ် ရပ်တည်နေကြောင်းသိရပါသည်။ အကောက်ခွန်အထွေထွေဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ယခုနှစ် ပထမနှစ်ဝက်တွင် နှစ်နိုင်ငံကြားကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၇.၃၁ဘီလီယံရှိပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၁၈.၈ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)