ထိုင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန(DBD) သည် ထိုင်းနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအတွက် မျှတသောယှဉ်ပြိုင်မှုရရှိစေရန် ပြည်ပစီးပွားရေးလုပ်ငန်းများအား ဥပဒေ တင်းကြပ်ရန် အရှိန်မြှင့်ကြိုးပမ်းအားထုတ်နေကြောင်းသိရပါသည်။ DBD ၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Auramon Supthaweethum က ဌာနသည် ထိုင်းနိုင်ငံ၏ ၁၉၉၉ ပြည်ပစီးပွားရေးအက်ဥပဒေကိုရှောင်တိမ်းရန် အမည်ခံရှယ်ယာရှင်များကိုအသုံးပြုနိုင်သည့် ပြည်ပစီးပွားရေးလုပ်ငန်းများအား ဥပဒေလိုက်နာစေရန် ဥပဒေအဖွဲ့နှင့်ပူးပေါင်း၍ စည်းမျဉ်းတင်းကြပ်သွားမည်ဟု အခိုင်အမာပြောကြားခဲ့ပါသည်။ ဥပဒေချိုးဖောက်သူများသည် ထိုဥပဒေတင်းကြပ်မှုတစ်စိတ်တစ်ပိုင်းအနေဖြင့် ပြင်းထန်သောပြစ်ဒဏ်များနှင့် ရင်ဆိုင်ရလိမ့်မည်ဟုသိရပါသည်။ Auramon က ပြည်တွင်းစီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုရှိသည့် တန်ဖိုးနည်းထုတ်ကုန်များကို မိတ်ဆက်ပေးလျက်ရှိသည့် လျင်မြန်စွာကြီးထွားလာသည့် အွန်လိုင်းစီးပွားရေးအခြေအနေကြောင့် ထိုင်း SME လုပ်ငန်းများအားကောင်းစေရန် ဌာနကကြိုးပမ်းသွားမည်ဟုပြောကြားခဲ့ပါသည်။ အဆိုပါစိန်ခေါ်မှုများကိုဖြေရှင်းရန် DBD သည် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန် ဗျူဟာမြောက်စီမံချက် ၉ခုချမှတ်သွားမည်ဟုသိရပါသည်။ အဆိုပါစီမံချက်များတွင် အွန်လိုင်းဈေးကွက် Channel တိုးချဲ့ခြင်း၊ e-Commerce ၏ စွမ်းဆောင်ရည်ကိုအရှိန်မြှင့်တင်ခြင်း၊ ထိုင်းပြည်တွင်းထုတ်ကုန်များကို ကြော်ငြာမြှင့်တင်ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအတွက် ရောင်းချရန်နေရာများဖန်တီးပေးခြင်းတို့ပါဝင်ကြောင်းသိရပါသည်။ ထို့ပြင် ဌာနသည် SME လုပ်ငန်းများကို စီးပွားရေးအခြေခံဗဟုသုတနှင့် Digital ကိရိယာများပံ့ပိုးသွားမည်ဟုသိရပါသည်။ DBD သည် MOC Biz Club ကဲ့သို့သော စီးပွားရေးကွန်ရက်များ ပူးပေါင်းဆောင်ရွက်ရေးအပေါ် အာရုံစိုက်ထားကြောင်းနှင့် ပြည်တွင်းလုပ်ငန်းများကြီးထွားလာရန် ပံ့ပိုးပေးသွားမည်ဟုသိရပါသည်။ ထို့ပြင် လက်လီစတိုးဆိုင်များ ခေတ်မီစေရန်နှင့် ၎င်းတို့ကို ပိုမိုကျယ်ပြန့်သော ထောက်ပံ့မှုကွင်းဆက်တွင် ပေါင်းစပ်နိုင်ရေး ကူညီသွားမည်ဟုသိရပါသည်။ အဆိုပါ ကနဦးခြေလှမ်းများသည် ထိုင်း SME လုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်ရန်အသင့်ဖြစ်စေရန်နှင့် ပေါ်ထွက်လာသော ကမ္ဘာလုံးဆိုင်ရာဈေးကွက်တွင် တည်ငြိမ်စွာကြီးထွားလာရန် သေချာစေရေးကိုရည်ရွယ်ကြောင်းသိရပါသည်။
Source: Vietnem Plus
DOCA(ရန်ကုန်)