သထုံမြို့နယ်၌ သက်သာဈေးနှုန်းဖြင့် ဆန်ရောင်းချခြင်း

Powered by Drupal

     ၂၁.၈.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်၊ သထုံ-ဘားအံလမ်းတွင် ဆန်/စပါးကုန်သည်အသင်းနှင့် ဆန်စက်လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း၍ ပြည်သူများသို့ သက်သာသော ဈေးနှုန်းဖြင့် ဆန်များရောင်းချရာတွင် စနစ်တကျရှိစေရေး စားသုံးသူပြည်သူများ လက်ဝယ်အမှန်တကယ်ရောက်ရှိရေး၊ သင့်တင့်မျှတသော ဈေးနှုန်းဖြစ်စေရေးအတွက် ကြီးကြပ် ဆောင်ရွက်ခဲ့သည်။

    အဆိုပါနေ့တွင် ဧည့်မထဆန် (၁၀) မှတ် တစ်ပြည်လျှင် (၃၀၀၀) ကျပ်၊ ပေါ်ဆန်းဆန် တစ်ပြည်လျှင် (၅၅၀၀) ကျပ်ဖြင့် လူတစ်ဦးလျှင် (၂) ပြည်နှုန်းဖြင့်ရောင်းချခဲ့ရာ ပြည်သူလူထု (၆၆၀) ဦးအား ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

    ထိုကဲ့သို့ ပြည်သူများသို့ သက်သာသော ဈေးနှုန်းဖြင့် ဆန်များရောင်းချခြင်းအား သထုံမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်တွင် တစ်ရက်ခြားစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်‌ကြောင်း သိရှိရပါသည်။

DOCA(မွန်)