မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင် ၊ ချောင်းဆုံမြို့နယ်အတွင်း၌ တရားမဝင်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိကို ၂၃.၈.၂၀၂၄ ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ စစ်ဆေးရာတွင် ဆေးဝါးများရောင်းချနေသော ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများဖြစ်သော Abhayrab Injection ရောင်းချခြင်း ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ရာ ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်များအား တရားမဝင် ကုန်စည်များရောင်းချခြင်းမပြုရန် အသိပညာပေးခဲ့ပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)