ကော့မှူးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ချေးခဲ့သော ချေးငွေများအား ပြန်လည်ကောက်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ချေးခဲ့သော ချေးငွေများအား ပြန်လည်ကောက်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၂၁ ရက်၊နေ့လယ် (၁၀:၀၀) နာရီအချိန်တွင် ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

    အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကော့မှူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌမှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၁၁-၂၀၁၂ ခုနှစ်ဘဏ္ဍာရေးနှစ်မှစ၍ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ပြည်သူများအား ဆင်းရဲမှုလျော့ချရေးလုပ်ငန်းများအဖြစ် ထုတ်ချေးခဲ့သော ချေးငွေများအား မြို့နယ်ပုဂ္ဂလိက ငွေစု၊ ငွေချေးလုပ်ငန်းအဖွဲ့မှ ပြန်လည်ကောက်ခံ၍ နိုင်ငံတော် သို့ ပြန်လည်ပေးသွင်းလျက်ရှိရာ ချေးငွေပေးဆပ်ရန် ကျန်ရှိသည့် မြို့နယ်(၂၀)မြို့နယ်အနက် မင်္ဂလာဒုံမြို့နယ်သာ ချေးငွေအပြေအကြေဆပ်ပြီးကြောင်း စိစစ်တွေ့ရှိရပါသဖြင့် ချေးငွေပေးဆပ်ရန် ကျန်ရှိသည့် ခရိုင်အတွင်းသို့ ကော့မှူးမြိ့နယ်မှ ချေးငွေများ ဆက်လက်ကောက်ခံနိုင်ရေးကြပ်မတ်ဆောင်ရွက်သွားရန် ညွှန်ကြားလာမှုအပေါ် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ ကော့မှူးမြို့နယ်မှ ချေးငွေပေးဆပ်ရန် ကျန်ရှိသည့် ကျေးရွာ(၁၀)ရွာမှ အုပ်ချုပ်ရေးမှူးမှလဲ ချေးငွေထုတ်ချေးပေးခဲ့သော ကျေးရွာငွေစု၊ ငွေချေးလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းပြီး ချေးငွေများ ဆက်လက်ကောက်ခံနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်မှုအခြေအနေများအား ပြန်လည်တင်ပြရန်နှင့် မြို့နယ်ငွေစုငွေချေး၊ ချေးငွေ ကောက်ခံရေးကြီးကြပ်မှုအဖွဲ့(၁)နှင့် အဖွဲ့(၂)တို့၏ ကျေးရွာများအရောက် ကွင်းဆင်းလုပ်ဆောင်မှုများ ချေးငွေကောက်ခံရရှိမှု အခြေအနေများအား မေးမြန်းဆွေးနွေးပြောကြား ခဲ့ကြောင်းသိရသည်။

DOCA(ရန်ကုန်)