
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီရောင်းချနေမှုအခြေအနေအား စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင် ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ဩဂုတ်လ ၁၃ ရက်နေ့၊ နေ့လယ် (၁၄:၃၀) အချိန်တွင် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ တွံတေးမြို့နယ်တာဝန်ခံမှ တွံတေးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များဖြစ်သော ရွှေဗျိုင်းဖြူစက်သုံးဆီ အရောင်းဆိုင်၊ အယ်မွန်စက်သုံးဆီအရောင်းဆိုင်၊ ချမ်းမြေ့ဂုဏ်စက်သုံးဆီအရောင်းဆိုင်၊ နေဝင်းထွန်း စက်သုံးဆီ အရောင်းဆိုင်စသည့် စက်သုံးဆီအရောင်းဆိုင်များတွင် ခွဲတမ်းအချိုးကျစနစ်ဖြင့် ရောင်းချနေမှု ရှိ/မရှိ၊ စက်သုံးဆီအမျိုးအစားအလိုက် အပြည့်အဝ ရောင်းချပေးနိုင်ခြင်း ရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချနေမှု ရှိ/မရှိတို့အား သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆီအမျိုးအစားအလိုက် လက်ကျန်နှင့် ဆီဘောက်စာကား ဝင်လာနိုင်မည့်ခန့်မှန်းအချိန်တို့အား သွားရောက်မေးမြန်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
DOCA(ရန်ကုန်)