စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ဘတ်ငွေ ၁၀ ဘီလီယံကျော်နှင့်တကွ Changan Automobile ၏ အရှေ့တောင်အာရှတွင် ပထမဆုံးသော လျှပ်စစ်ကားထုတ်လုပ်ရေးစက်ရုံကို ၂၀၂၅ခုနှစ် မတ်လ တွင်ထိုင်းနိုင်ငံ၌ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း Chongqing အခြေစိုက်ကုမ္ပဏီ၏ လုပ်ငန်းခွဲ တစ်ခု ဖြစ်သည့်Changan Auto Southeast Asia မန်နေဂျင်းဒါရိုက်တာ Shen Xinghua မှ ပြောကြားခဲ့သည်။
ကုမ္ပဏီသည် ညာလက်မောင်း EV များကိုပြည်တွင်းဈေးကွက်တွင်ရောင်းချမည်ဖြစ်ပြီး ထိုင်းစက်ရုံအား၎င်း၏ ထုတ်လုပ်မှုအခြေခံအဖြစ် ဘယ်မောင်းEV များအားကမ္ဘာတစ်ဝှမ်း သို့တင်ပို့ ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်၊ Changan သည် သြစတြေလျ၊ နယူးဇီလန်၊ တောင်အာဖရိကနှင့် ယူကေရှိဖောက်သည်များအတွက် ကားများကိုရောင်းချရန် စီစဉ်ထားသည်၊ Changan သည်၎င်း၏ရင်းနှီးမြှပ်နှံမှု အသုံးစရိတ်ကို ဘတ် ၈.၈၆ဘီလီယံမှဘတ်ငွေ ၁၀ ဘီလီယံ အထိတိုးမြင့်ခဲ့သည်၊ အဆိုပါငွေကို Rayong ရှိ ၃၀၀ rai(၁၁၈ ဧက) အကျယ်ရှိသောမြေကွက် တွင် စက်ရုံ၊အရောင်းပြခန်းနှင့် ကားအစိတ်အပိုင်းသိုလှောင်သည့် ဂိုဒေါင်တို့တည်ဆောက်ရန် အသုံးပြုခဲ့သည်၊ လက်ရှိတွင် EV စက်ရုံ၏ ၈၀ရာခိုင်အားဆောက်လုပ်ပြီဲးစီးနေပြီဖြစ်ကြောင်းMr Shen မှ ပြောကြားခဲ့သည်၊ ကုမ္ပဏီသည်ပထမဆုံးခြေလှမ်းအဖြစ် တစ်နှစ်လျှင်ကားအစီးရေ ၁၀၀၀၀၀ အထိထုတ်လုပ်ရန်စီစဥ်ထားပြီး ထိုမှတစ်ဆင့်ကားအစီးရေ ၂၀၀၀၀၀အထိ ထုတ်လုပ်မှုအားတိုး မြှင့်သွားမည်ဖြစ်ပြီး ထိုအစီအစဉ်အား ၂၀၂၆ ခုနှစ်တွင်စတင်သွားမည် ဖြစ်ကြောင်းသိရသည်၊ ဘက်ထရီEVများ၊ Plug-in hybrid များနှင့် REEVဟုလူသိများသော အကွာအဝေးတိုးချဲ့ထားသည့် EV များသည်စက်ရုံ၏အဓိက ထုတ်ကုန်များဖြစ်လာရန် မျှော်လင့် ထားကြောင်း Mr Shen မှပြော ကြားခဲ့သည်။
ခရီးဝေးသွားလာခြင်းအတွက် ဘက်ထရီသက်တမ်းစိုးရိမ်ပူပန်မှုကို သက်သာစေရန်ဒီဇိုင်း ထုတ်ထားသော REEV များသည်ကားရွှေ့လျားနေစဉ် ဘက်ထရီအားသွင်းသည့် ဓာတ်ဆီအင်ဂျင် နှင့်လျှပ်စစ်ရွှေ့လျားနိုင်သော နည်းပညာကိုပေါင်းစပ်ထားခြင်းဖြစ်သည်။
Changan သည်စီးပွားရေးနှေးကွေးမှု၊ ဝယ်လိုအားနည်းမှုနှင့် ဘဏ်များ၏တင်းကြပ်သော ငွေစံနှုန်းများကြောင့် ၂၀၂၄ ခုနှစ်အတွက် ၎င်း၏ပြည်တွင်းရောင်းချရေးပစ်မှတ်ကို အစီးရေ ၁၅၀၀၀မှ ၁၈၀၀၀ အတွင်းသို့ လျော့ချခဲ့သည်။
Source; bangkokpost
DOCA(ရန်ကုန်)