မလေးရှားနှင့်အိန္ဒိယတို့ ကဏ္ဍအသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်

Powered by Drupal

      မလေးရှားနိုင်ငံဝန်ကြီးချုပ် Anwar သည် အိန္ဒိယနိုင်ငံသို့ ၃ ရက်တာ တရားဝင် အလည်အပတ်ခရီးစဉ်သွားရောက်ခဲ့ပြီး အဆိုပါခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ရင်းဂစ် ၄.၅ ဘီလီယံခန့်သည် မလေးရှားနိုင်ငံ၏ ကဏ္ဍပေါင်းစုံနှင့် ကုမ္ပဏီများထံ ဝင်ရောက်လာမည်ဟု သိရပါသည်။  မလေးရှားနိုင်ငံသည် စားအုန်းဆီ၊ စားအုန်းဆီအခြေခံထုတ်ကုန်များ၊ ဓာတုပစ္စည်းများနှင့် ဓာတုထုတ်ကုန်များ၊ ရေနံဆီနှင့်ဓာတ်ငွေ့၊ လေယာဉ်အပိုပစ္စည်းကဏ္ဍတို့တွင် ရင်းဂစ် ၈ ဘီလီယံတန်ဖိုးရှိသည့် အလားအလာရှိသော ကုန်သွယ်ရေးကိုရရှိခဲ့သည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း သိရပါသည်။ ၂၀၂၃ ခုနှစ်တွင် မလေးရှားနှင့်အိန္ဒိယကြား စုစုပေါင်းကုန်သွယ်မှုပမာဏမှာ ရင်းဂစ် ၇၂.၃၁ ဘီလီယံရှိကြောင်း သိရပါသည်။ Anwar က ၎င်း၏အိန္ဒိယခရီးစဉ်အတွင်း အစိုးရနှစ်ဖွဲ့ကြား နားလည်မှုသဘောတူစာချုပ်မူကြမ်း(MOU) ၈ ခုကို လက်မှတ်ရေးထိုးခဲ့ပြီး နှစ်နိုင်ငံကြားစီးပွား‌ရေး လုပ်ငန်းချင်း MOU ၇ ခု လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ Anwar က ၎င်းနှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Modi နှင့်အစည်းအဝေးတွင် နှစ်ဖက်လုံးသည် Digital ခရီးသွားကဏ္ဍ၊ ပညာရေး၊ သုတေသနနှင့် ရိုးရာယဉ်ကျေးမှုတို့ပါဝင်သည့် နယ်ပယ်အားလုံးတွင် ကျယ်ပြန့်သောပူးပေါင်းမှုကို အရှိန်မြှင့်တင်မည်ဟု သိရပါသည်။ အိန္ဒိယနိုင်ငံသားများကို ဗီဇာကင်းလွတ်ခွင့်ကာလ တိုးမြှင့်ပေးနိုင်ချေအပေါ် Anwar က အကယ်၍ အိန္ဒိယအစိုးရက တူညီသည့်တုန့်ပြန်မှုရရှိပါက အဆိုပါ ဝန်ဆောင်မှုကိုပေးမည်ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။

Source:  Vietnam Plus

DOCA(ရန်ကုန်)