တန်ဇနီးယား၏ မှတ်ပုံတင်ထားသောရင်းနှီးမြှုပ်နှံမှုစီမံကိန်းများတွင် တရုတ်ဦးဆောင်နေ

Powered by Drupal

     တန်ဇနီးယားရင်းနှီးမြှုပ်နှံမှုစင်တာ(TIC)က ယခုနှစ်၏ ပထမ ၇ လတာကာလတွင် တန်ဇနီးယား၌ မှတ်ပုံတင်ခဲ့သော စီမံကိန်း ၄၉၀ ခုရှိပြီး တန်ဖိုးအမေရိကန်‌ဒေါ်လာ ၄ ဘီလီယံခန့် ရှိကြောင်း ပြောကြားခဲ့ပါသည်။ TIC ၏ အဆိုအရ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၄၉၀ ခု မှတ်ပုံတင်ခဲ့ပြီး စိုက်ပျိုးမွေးမြူရေးကဏ္ဍသည် ထိပ်ဆုံးတွင် ဦးဆောင်နေကာ အလုပ်အကိုင် ၁၆၃၃၅၆ ကို ဖန်တီးပေးထားကြောင်း သိရပါသည်။ လွန်ခဲ့သည့်နှစ် တူညီသည့်ကာလတွင် အမေရိကန်ဒေါ်လာ ၂.၆ ဘီလီယံတန်ဖိုးရှိသည့် စီမံကိန်း ၂၆၇ ခုရှိပြီး အလုပ်အကိုင် ၃၉၂၃၀ ကို ခန့်အပ်ထားနိုင်သည့်အတွက် သိသာစွာမြင့်တက်လာခဲ့ကြောင်း သိရပါသည်။ စီမံကိန်း များမှာ စိုက်ပျိုးမွေးမြူရေး၊ စီးပွားရေးဆိုင်ရာအဆောက်အအုံများ ဆောက်လုပ်ရေးလုပ်ငန်း၊ စီးပွားရေးအခြေခံအဆောက်အအုံ၊ ဘဏ္ဍာရေးအဖွဲ့အစည်း၊ လူသားအရင်းအမြစ်၊ ကုန်ထုတ်လုပ်ခြင်း၊ သတ္တုတွင်းနှင့်ရေနံစိမ်း၊ ဝန်ဆောင်မှု၊ Telecommunication၊ ခရီးသွားကဏ္ဍနှင့် သယ်ယူပို့ဆောင်ရေးတို့တွင်ဖြစ်ကြောင်း TIC က ပြောကြားခဲ့သည်ဟု သိရပါသည်။ တရုတ်နိုင်ငံသည် ၁၉၉၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း အလုပ်အကိုင် ၁၅၅၅၉၆ ဦး ဖန်တီးပေးထားသည့် အမေရိကန်ဒေါ်လာ ၁၁.၅ ဘီလီယံ တန်ဖိုးရှိသည့် စီမံကိန်း ၁၃၆၀ ခုနှင့် တန်ဇနီးယားတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံး ထိပ်ဆုံး(၁၀)နိုင်ငံတွင် ထိပ်ဆုံးကဦးဆောင်နေကြောင်း သိရပါသည်။ တရုတ်၏နောက်တွင် ဗြိတိန်၊ အမေရိကန်၊ Mauritius၊ အိန္ဒိယ၊ ကင်ညာ၊ ဗီယက်နမ်၊ ဩစတြေးလျ၊ အီဂျစ်နှင့် နိုင်ဂျီးရီးယားတို့က အစဉ်လိုက် ရပ်တည်နေကြောင်း TIC ၏ အဆိုအရ သိရပါသည်။

Source: IPP Media

DOCA(ရန်ကုန်)