ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများအတွက် တူရကီသည် ဆွဲဆောင်ချက်ဗဟိုဖြစ်လာ

Powered by Drupal

      တူရကီနိုင်ငံသည် များစွာသော စီမံကိန်းများနှင့် ထုတ်လုပ်ရေးပရိုဂရမ်များအား လတ်တလောနှစ်များအတွင်း အကောင်အထည်ဖော်နိုင်ခဲ့သည့်ကျေးဇူးနှင့် များစွာသော နိုင်ငံတကာ ကားထုတ်လုပ်သူများကို ဆွဲဆောင်နိုင်ခဲ့သောကြောင့် ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ အတွက် ဆွဲဆောင်ချက်ဗဟိုဖြစ်လာကြောင်း သိရပါသည်။ တူရကီသည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှုကွင်းဆက်တွင် များစွာသော စက်ရုံများကို တည်ထောင်ရာတွင် တက်ကြွစွာ ဆောင်ရွက်နေခြင်း၊ နိုင်ငံ၏ ပထဝီမြေနေရာအရေးသာမှုနှင့် ၎င်းတို့၏ ငယ်ရွယ်ပြီး အရည်အသွေး ရှိသော လုပ်သားထုတို့သည် ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်ကြီးများက တူရကီအား သုတေသန နှင့် ဖွံ့ဖြိုးတိုးတက်မှုအခြေစိုက်အဖြစ် ရင်းနှီးမြှုပ်နှံမှုပြုလာစေရန် ဆွဲဆောင်လျက်ရှိကြောင်း သိရ ပါသည်။ ဥပမာအားဖြင့်ဆိုရသော် တရုတ်လျှပ်စစ်မော်တော်ယာဉ်(EV) ထုတ်လုပ်သည့် BYD သည် တူရကီတွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံထားပြီး လူဦးရေ ၅၀၀၀ ကို တိုက်ရိုက် အလုပ်အကိုင်ဖန်တီးပေးထားပြီး ၂၅၀၀၀ ကို သွယ်ဝိုက် အလုပ်အကိုင်ဖန်တီးပေးထားကာ ကားလုပ်ငန်းနယ်ပယ်နှင့် ထောက်ပံ့မှုချိတ်ဆက်မှုရှိသည့် အခြားကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ အတွက် များစွာသော အခွင့်အလမ်းများကို ပံ့ပိုးပေးနိုင်ကြောင်း သိရပါသည်။ BYD ပြီးနောက် တရုတ်မှ Chery သည် တူရကီတွင် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်ပြုလုပ်သွားမည်ဟု သိရပါသည်။ DFSK ကုမ္ပဏီ၏ တူရကီမှအဖွဲ့မှာ ကုမ္ပဏီ၏ ဥရောပစီမံကိန်းများအတွက် လေ့ကျင့်မှုများပြုလုပ်ခဲ့ပြီး တရုတ်ဘတ္ထရီထုတ်လုပ်သည့် Ganfeng Lithium မှာ တူရကီတွင် တူရကီလုပ်ငန်း Yigit Aku နှင့် အမေရိကန်‌ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံရန် သဘောတူလက်မှတ်ထိုးခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။ အဆိုပါ သဘောတူညီချက်သည် ကုမ္ပဏီနှစ်ခု ပူးပေါင်း၍ Lithium ion Battries နှင့် Battery modules များကို နိုင်ငံတကာကို ကုန်သွယ်ရာတွင် ဈေးကွက်တိုးချဲ့ရန်ဖြစ်ကြောင်း သိရပါသည်။  

Source: Anadolu Agency  

DOCA(ရန်ကုန်)