ဘေးကင်းလုံခြုံမှုရှိသော ကုန်စည်များ ထုတ်လုပ်လာနိုင်ရေး ကွင်းဆင်းအသိပညာပေး

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့ သည် ဘေးကင်းလုံခြုံမှုရှိသော ကုန်စည်များကို ထုတ်လုပ်ရောင်းချနိုင်စေရန် ရည်ရွယ်၍ (၂၁.၈.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်  ပခုက္ကူမြိုု့ပေါ်ရှိ"သန့်စင်" မြေပဲဆုံဆီ၊ “ဌေးရတနာ” နံကင်းမုန့်၊ “မေမေ”နှင့်  “ခိုင်ခိုင်မော်” ကိတ်မုန့်လုပ်ငန်းရှင်များသို့ သွားရောက် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

   ဒုတိယခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)ပါ ကုန်စည်အုပ်စု အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ထည့်သွင်းရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်သည့် ဥပဒေပြဌာန်းချက်များအကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံက တာရှည်ခံဆေးများ၏ ဆိုးကျိုးများအကြောင်းကိုလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)