မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ချောင်းဝရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြော

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  အိမ်မဲမြို့နယ် တာဝန်ခံဒေါ်ဇင်မာသန်းသည်(၂၂.၈.၂၀၂၄)ရက်နေ့၊  နံနက်(၁၁:၀၀)နာရီတွင် ချောင်းဝရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကုန်မျိုးစုံရောင်းချသောလုပ်ငန်းရှင်များအား တွေ့ဆုံ၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲပြလုပ် ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဟောပြောဆွေးနွေးတွင် အိမ်မဲမြို့နယ်တာဝန်ခံမှ တက်ရောက်လာသော ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင်များအား မိတ်ဆက်စကားပြောကြားပြီး၊ ဌာန၏လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။  Online   Sale  မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ် SMEs မှတ်ပုံတင်လက်မှတ်များတင်ပြရန် လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန် မလိုအပ်ပါကြောင်း ရောင်းချမည့် ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံ၊ Online   Sale  Owner ၏မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာ မှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online   Sale  Logo များပြင်ဆင်ထားရန်လိုအပ်ကြောင်း Online   Sale  လျှောက်ထားရာတွင် email သို့မဟုတ် Mobile Phone  Number ဖြင့် Sign Up (Register) ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အွန်လိုင်း စနစ်ဖြင့် မှတ်ပုံတင်နိုင်ကြောင်းနှင့်   www. eComreg.gov.mm မှတဆင့် မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ ဟောပြောပွဲသို့ လုပ်ငန်းရှင် (၁၁)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)