![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/29.21.jpg?itok=-VaLIVLM)
စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်ဦးစီးမှူးသည် (၂၄.၈.၂၀၂၄)ရက်နေ့ ၊နေ့လယ် (၁၃:၀၀) အချိန်တွင် မြန်အောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ စားသုံးသူရေးရာအသိပညာပေးTalk Showအစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအစီအစဉ်တွင် မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်ဝင်းက စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ကို ၂၀၁၈ ခုနှစ် မတ်လတွင် စတင်ခဲ့ပြီး ကဏ္ဍ(၇)ခုဖြင့် သတင်း ထုတ်ပြန်ချက်များကို အချိန်နှင့် တပြေးညီ လွှင့်တင်ထားရှိမှု အခြေအနေများ၊ “စားသုံးသူရေးရာဦးစီးဌာန” အမည်ဖြင့် ဖွင့်လှစ်ထားသော Facebook Page တွင်လည်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ညွှန်ကြားချက်များ၊ ဌာနမှညွှန်ကြားချက်များ၊ ဌာန၏ဆောင်ရွက်ချက်များ၊ အများပြည်သူသို့အသိပညာပေးလိုသည့် သတင်းအချက်အလက်များလွှင့်တင်ပေးခြင်း၊ Media Campaign ကျင်းပပြုလုပ်ခြင်းများကို ဖော်ပြပေးမှုအခြေအနေနှင့် စားသုံးသူ၏စုံစမ်းမေးမြန်းမှုများကိုလည်း ဖြေကြားပေးမှုများအား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
DOCA(ဧရာဝတီ)