![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/29.29.jpg?itok=WOkrSEWj)
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ကျုံစုတ်ကျေးရွာ လှေဆိပ်တွင် လှေထိုးစပါး စိုက်ပျိုးထွက်ရှိနေသဖြင့် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ၊ ခရိုင်ဦးစီးမှူး၊ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၅.၈.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်က သွားရောက်ကွင်းဆင်းလေ့လာခဲ့ကြသည်။
ကွင်းဆင်းလေ့လာရာတွင် လှေထိုးစပါးကို မအူပင်မြို့နယ် ကျုံစုပ်၊ ကညင်ဝ၊ ကနူး၊ ပဲခိုစု၊ အလန်းကြီးစသည့် ကျေးရွာများမှ တောင်သူလယ်သမားများသည် မေလဆန်းပိုင်တွင် စတင်စိုက်ပျိုးကြပြီး စိုက်ပျိုးသော စပါးမျိုးများမှာ GW-11၊ ဆင်းသုခ၊ မင်းဧရာ၊ ရက် ၉၀၊ 912နှင့် စဖိုသာ စပါးမျိုးများ စိုက်ပျိုးကြောင်း လေ့လာသိရှိရသည်။ မိုးတွင်းကာလ ရေတောထဲတွင်ရိတ်သိမ်းရသောကြောင့် လှေထိုးစပါးဟုခေါ်တွင်ပြီး လှေထိုးစပါးများ ဇူလိုင်လဆန်းပိုင်းတွင် စတင်စိုက်ပျိုးပြီး ဇူလိုင်လလယ်လောက်တွင် တစ်နေ့လျှင် စပါးတင်း၅၀၀၀ ခန့် ထွက်ပေါ်ရောင်းချနေရကြောင်း၊ ဩဂုတ်လနှင့် စက်တင်ဘာ ယခုရက်ပိုင်းတွင် တစ်နေ့လျှင် စပါးတင်း (၁၀၀၀၀)ခန့် ထွက်ရှိရောင်းချနေကြောင်း၊ ဈေးကွက်အနေဖြင့် မအူပင်မှ စက်ပိုင်များသာမက ပုသိမ်၊ ညောင်တုန်း၊ ဓနုဖြူ၊ ရေကြည်၊နှင့် ကျိုတ်လတ်မြို့နယ်များရှိ ဆန်စက်ပိုင်ရှင်များမှ လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။
၂၅.၈.၂၀၂၄ နေ့တွင် လှေထိုး၊ စပါးတင်း(၁၀၀)လျှင် (၁၂၅၀၀၀၀) တစ်ဆယ့်နှစ်သိန်း ငါးသောင်းခန့်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ရက်(၉၀)စပါးးတင်း (၁၀၀)လျှင် (၁၃)သိန်းဖြင့် အရောင်းအဝယ် တွင်ကျယ်လျက်ရှိ ကြောင်း ပွဲစား ဦးစိုးနိုင်ထံမှ သိရှိရပါသည်၊
DOCA(ဧရာဝတီ)