![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/30.4_4.jpg?itok=KeekA8Fa)
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ဓါတ်မြေဩဇာအမျိုးအစားတို့အား ဝယ်ယူသုံးစွဲရာတွင် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းအဆမတန်မြင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန် ရည်ရွယ်၍ ကော့မှူးမြို့နယ်ရှိ ဓါတ်မြေဩဇာ ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စုံဆိုင်များသို့ ဩဂုတ်လ ၁၄ ရက်နေ့၊နံနက် (၁၁:၀၀) နာရီခွဲအချိန်တွင် ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များအား သွားရောက်တွေ့ဆုံပြီးဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန် ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည် ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ခရိုင်မှ ဓါတ်မြေဩဇာအမျိုးအစားအလိုက် အရောင်းဘောင်ချာ၊ လက်ခံများအား စနစ်တကျသိမ်းဆည်းထားရန် သက်ဆိုင်ရာဌာနများမှ ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုများ ရှိလာပါက သက်သေအထောက်အထား ပြနိုင်မည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
DOCA(ရန်ကုန်)