ပြည်ပဝယ်လိုအားများကြောင့် ဂျပန်နိုင်ငံ ရေခဲမုန့်တင်ပို့မှုမြင့်တက်လာ

Powered by Drupal

    ဂျပန်နိုင်ငံ၏ ရေခဲမုန့်များအား ပြည်ပမှ ဝယ်လိုအား မြင့်တက်လျက်ရှိပြီး ၂၀၂၃ ခုနှစ်တွင် ရေခဲမုန့်တင်ပို့မှု တန်ဖိုးသည် တစ်နှစ်ထက်တစ်နှစ် ၂၃.၅% တိုးမြှင့်လာခဲ့ပြီး ယန်း ၈ ဘီလီယံ အထိစံချိန်တင်မြင့်မားခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းဇယား အရ သိရသည်။ ပမာဏအားဖြင့် ၁၀၁၃၈ တန် တင်ပို့ခဲ့ပြီး ယခင်နှစ်ကထက် ၁၉.၈% တိုးတက်ခဲ့ သည်။ လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်းပို့ကုန်များတဖြည်းဖြည်းမြင့်တက်လာခဲ့သည်။

     ၂၀၂၃ ခုနှစ်တွင် ပို့ကုန်များ အားလုံး၏ ၈၀% အား အာရှနိုင်ငံများသို့ တင်ပို့ပြီး ထိုင်ဝမ်မှ ၃၀.၆% ၊ ဟောင်ကောင်မှ ၁၆.၁% နှင့် တရုတ်မှ ၁၅.၉% ဖြစ်သည်။

    ၁၉၉၅ ကစတင်၍ ထိုင်ဝမ်သို့ ရေခဲမုန့်များကို တင်ပို့ခဲ့သော စားသောက်ကုန် Meiji ၏ အဆိုအရ ၎င်း၏ အဓိက တင်ပို့ရောင်းချသည့် ဈေးကွက်များမှ အာရှတွင် ထိုင်ဝမ်၊ ဟောင်ကောင်နှင့် စင်္ကာပူတို့ဖြစ်သည်။ ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပို့ကုန်တင်ပို့မှုမှာ ကာလလက်မှ ကာလရှည်အတွင်း တင်ပို့မှု ပမာဏတိုးတက်လာခဲ့သည်။

   ရေခဲသေတ္တာများ တပ်ဆင်ထားသော သင်္ဘောများလိုအပ်ခြင်း အပါအဝင် ရေခဲမုန့်တင်ပို့ ရာတွင် သယ်ယူပို့ဆောင်ရေးစရိတ်စကပိုများကြောင်း၊ ထို့ကြောင်း ၎င်း၏ Essel Super Cup Series သည် ဂျပန်နိုင်ငံရှိ ၎င်း၏ အခွန်ပါဝင်သည့် ဈေးနှုန်းဖြစ်သော ၁၇၂ ယန်း ထက်ပြည်ပတွင် ၁.၅ ဆ မှ ၂ ဆ အထိ ဈေးနှုန်းပိုများကြောင်း ကုမ္ပဏီမှ မှတ်ချက်ပြုခဲ့သည်။

    စက်မှုလုပ်ငန်းအဖွဲ့တစ်ခုဖြစ်သည့် Japan Ice Cream Association ၏ ကိုယ်စားလှယ် တစ်ားကပင်လယ်ရပ်ခြားတွင် ရေခဲမုန့်များ၏ ရေပန်းစားမှုသည် ဂျပန်နိုင်ငံ၏ အစားအသောက်ယဉ်ကျေးမှုနှင့် ဆက်စပ်လျက်ရှိကြောင်း၊ Vanilla ရေခဲမုန့်ကဲ့သို့ ဂျပန်ရေခဲမုန့် များမှာလည်း ကွာခြားမှုမရှိကြောင်း၊ ၎င်းတို့တွင် Matcha နှင့် adzuki red beam ရေခဲမုန့်များသာမကပဲ mocha ကဲ့သို့ ရေခဲမုန့်အထုပ်များလည်း ပါဝင်ကြောင်း၊ ထိုကဲ့သို့ ထူးခြားသော ဂျပန်ရေခဲမုန့်အရသာတို့ကြောင့် ပြည်ပမှ စားသုံးသူများအကြား ရေပန်းစားကာ ဝယ်လိုအားများလည်း တိုးလာခဲ့ကြောင်း ပြောကြားခဲ့သည်။

Source : Nippon

DOCA(ရန်ကုန်)