စားအုန်းဆီဖြန့်ဖြူးရေးနှင့် ပတ်သက်၍ အစည်းအဝေးကျင်းပခြင်း

Powered by Drupal

၂၄.၈.၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးဝင်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးကျော်သူဝင်း၊ မြို့နယ်စည်ပင်မှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်သောင်း၊ စီမံကိန်းဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာအောင်၊ မြို့နယ် သမဦးစီးမှ ဦးစီးအရာရှိ ဒေါ်ရီရီမွန်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်နီလာဦး၊ စားအုန်းဆီ ဖြန့်ဖြူးသောကုမ္ပဏီ(၆)ခုမှ တာဝန်ရှိသူများ စားအုန်းဆီ ကိုယ်စားလှယ်(၃၀) ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး (၁၅)ဦးတို့တက်ရောက်ခဲ့ပါသည်။

          ရှေးဦးစွာ ဥက္ကဌမှ လှိုင်သာယာအနောက်ပိုင်းမြို့နယ်တွင် ရရှိသောခွဲတမ်းများအား ကိုယ်စားလှယ်များမှ ကုမ္ပဏီများတွင် ထုတ်ယူပြီး လက်လီဆိုင်များသို့ နေ့စဉ်ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ ရပ်ကွက်အတွင်းရှိ စားသုံးသူပြည်သူများလက်ဝယ်သို့လည်း အမှန်တကယ်ရောက်ရှိပါကြောင်း၊ လူအများတန်းစီသောစနစ်မတွေ့ရတော့ပါကြောင်း၊ ယခုအခါတွင် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် စာအုပ်စနစ်ဖြင့် ဖြန့်ဖြူးရောင်းချသွားမည် ဖြစ်သောကြောင့် ကုမ္ပဏီများမှလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဆီကိုယ်စားလှယ်များနှင့် ညှိနှိုင်းပေါင်းစပ်၍ အမြန်ဆုံးဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးကို ညနေ(၁၆:၃၀)အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

DOCA(ရန်ကုန်)