မှော်ဘီမြို့နယ်ရှိ အ.လ.က(ခွဲ) ကိုးလုံးကွင်းကျောင်းသို့ အသိပညာပေးဟောပြောခြင်း

Powered by Drupal

     ၂၆.၈.၂၀၂၄ ရက်နေ့၊နံနက် (၁၀:၀၀)နာရီအချိန်တွင် မှော်ဘီမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကိုးလုံးကွင်းသို့ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း ဆောင်ရွက် ခဲ့ပါ သည်။

    ထိုသို့ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်ခိုင်သီတာက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးက စားသုံးသူကာကွယ်ရေးဥပဒေ ကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ (၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းများအကြောင်း၊ အသင့်စားမုန့်များ ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ အဓိကဖတ်ရှု့ရမည်ဖြစ်ကြောင်း၊ စားသုံးသူတို့အနေဖြင့် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း စသည့်တို့ကို အသိပညာပေး ဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ(၁၀၀)ဦး ဆရာ/ဆရာမ(၁၇)ဦး စုစု ပေါင်း (၁၁၇)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)