အင်းစိန်မြို့နယ်၊ 1 Stop Mart ရှိ ဆန်ဈေးနှုန်းများအား ကြီးကြပ်ဆောင်ရွက်ခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဆန်ဈေးကွက်/ ဈေးနှုန်း အတိုင်း Super Market, Mini Mart များအပါအဝင် ဈေးကွက်အတွင်းသတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/မရှိကို ကွင်းဆင်းစိစစ်ကြပ်မတ်သွားရန် ညွှန်ကြားချက်အရမြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၃.၈.၂၀၂၄)ရက်နေ့ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

     ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ် အမှတ်(၂၄/၂၆)၊ လမ်းသစ်လမ်းရှိ 1 Stop Mart ၌ ဆန်ဈေးနှုန်း၊ 1 kg, 5 kg, 10 kg ဈေးနှုန်းများ၊ ဆန်လက်ကျန်၊ ဆန်အမျိုးအစားတို့ကို စိစစ်ကြပ်မတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)