![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/30.14_1.jpg?itok=Yazk6Jju)
တိုင်းပြည်သာယာ၀ပြောရေးနှင့်စားရေရိက္ခာဖူလုံရေးကို ဦးတည်လျက် အခြေခံစားကုန်များ ကုန်ဈေးနှုန်းတည်ငြိမ်ရေး ပြည်သူများလွယ်ကူလွတ်လပ်စွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၃.၈.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီမှ (၁၇:၀၀)နာရီအချိန်အထိ ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ City Mart (ကျန်စစ်မင်း)၊ Sein Gay Har Super Center၊ Super One နှင့် Ocean Super Center များတွင် ဆန်ဈေးနှုန်းသတ်မှတ်ထားသည့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပြီး ဆန်အမျိုးအစားအလိုက် လက်ကျန်နှင့် ဈေးနှုန်း/ဈေးကွက်များကို စစ်ဆေးခဲ့ပါသည်။
DOCA(ရန်ကုန်)