![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/2.1_4.jpg?itok=rPqlItXC)
မြိတ်ခရိုင်ဆန်ကုန်သည်များအသင်းသည် မြိတ်ခရိုင်အတွက် လိုအပ်သောဆန်များကို (၂၀.၈. ၂၀၂၄)ရက်နေ့တွင် မော်လမြိုင်ကျွန်းမြို့နယ်နှင့် ဖျာပုံမြို့နယ်တို့မှ ဝယ်ယူ၍ MV အာသာဝတီရေယာဉ်ဖြင့် ဆန်အိတ်များသယ်ဆောင်လာခဲ့ပြီး မြိတ်မြို့သို့ (၂၅.၈.၂၀၂၄)ရက်နေ့တွင် ရောက်ရှိလာခဲ့သဖြင့် မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးဦးစီးဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သောအဖွဲ့ များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ ကွင်ဆင်းစစ်ဆေးချက်အရ ဆန် အိတ်ရေ (၇၈၀၀)၊ ဆန်တန် (၃၉၀)တို့ တင်ဆောင်လာခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)