အစိုးရ၏ ပထမဆုံးနှစ်တွင် အမေရိကန်ဒေါ်လာ ၇.၆ ဘီလီယံတန်ဖိုးရှိသည့် စီမံကိန်းများကို CDC ခွင့်ပြုခဲ့

Powered by Drupal

    ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကောင်စီ(CDC)သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း စုစုပေါင်းအမေရိကန်ဒေါ်လာ ၇.၆ ဘီလီယံတန်ဖိုးရှိသည့် ရင်းနှီး မြှုပ်နှံမှုစီမံကိန်း ၃၉၁ ခုကို ခွင့်ပြုချက်ပေးခဲ့ကြောင်း သိရှိှိရသည်။ ရင်းနှီးမှုအများစုသည် အမေရိကန်၊ တရုတ်၊ ဂျပန်၊ ကနေဒါ၊ တောင်ကိုရီးယား၊ ဆွီဒင်၊ ဥ‌ရောပသမဂ္ဂ၊ ဩစတြေးလျနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများထံမှဖြစ်ကြောင်း သိရှိှိရသည်။ CDC ၏ ဒုတိယဥက္ကဌဖြစ်သူ Sun Chanthol ၏ အဆိုအရ စီမံကိန်း ၃၉၁ ခုသည် အလုပ်အကိုင်အသစ် ၃၄၀၀၀၀ ကို ဖန်တီးနိုင် ကြောင်း ပြောကြားခဲ့ပါသည်။ ယခင်အစိုးရ၏ နောက်ဆုံး ၁၂ လနှင့်နှိုင်းယှဉ်ပါက စီမံကိန်းအရေအတွက် ၇၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံသည့်ငွေပမာဏ ၁၆၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း Sun က KYI Centre ဖွင့်ပွဲအခမ်းအနားနှင့် Picasso Sky Gemme စတင်ဖွင့်လှစ်ပွဲ တွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ထိုသို့ မြင့်တက်လာခြင်းမှာ ငြိမ်းချမ်းကောင်းမွန်သော ဥပဒေမူဘောင်၊ စည်းမျဉ်းများနှင့် ကမ္ဘောဒီးယားစီးပွားရေး ကြီးထွားလာမှုကြောင့်ဟု Sun က ယူဆလျက်ရှိကြောင်း သိရှိှိရသည်။ ၎င်းသည် ဝန်ကြီးချုပ် Hun Manet ဦးဆောင်သည့် ကမ္ဘောဒီးယားအစိုးရအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်ချက်ရှိမှုကို ပြသခြင်းဖြစ်ကြောင်း Sun က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)