![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/2.6_3.jpg?itok=TZXnBLS9)
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၄ခုနှစ် ၊ ဩဂုတ်လ (၂၈) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် လွိုင်လင်မြို့၊ တောင်နောက်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကိုကျင်းပခဲ့ပါသည်။ ထိုဟောပြောပွဲသို့ ဆရာ၊ဆရာမများနှင့် ကျောင်းသား ကျောင်းသူ (၃၀) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းတိုး (ဦးစီးအရာရှိ) မှ စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်တစ်ခုကိုဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့်အချက်များ၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန်သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါအချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
DOCA(ရှမ်း)